Connect with us

North America

မက္ကဆီကို နိုင်ငံ အစိုးရ ၏ ဆင်းရဲနွမ်းပါးမှု ကူညီရေး ရံပုံငွေ လုယက်တိုက်ခိုက်မှု ခံရသဖြင့် လူ ၇ ဦးသေဆုံး

မက္ကဆီကို နိုင်ငံ ရဲတပ်ဖွဲ့ မှ အထူးတပ်ဖွဲ့ဝင် များကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အစိုးရ ၏ ဆင်းရဲနွမ်းပါးမှု ကူညီရေး ရံပုံငွေ များကို သယ်ဆောင်လာသည့် ကားသည် နိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ်သို့ရောက်ရှိစဉ် လုယက်တိုက်ခိုက်မှု ခံရသဖြင့် ရဲဝန်ထမ်း ၅ ဦး နှင့် ဘဏ်ဝန်ထမ်း ၂ ဦး သေဆုံး ခဲ့ကာ ဒဏ်ရာရရှိသည့် ဘဏ်ဝန်ထမ်း တစ်ဦး က ရဲတပ်ဖွဲ့ သို့ သတင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။

မက္ကဆီကို နိုင်ငံ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်ရုံး မှ ကိုယ်စားလှယ် တစ်ဦး က တိုက်ခိုက်မှု သည် ငွေသယ်ဆောင်လာသည့် ကား က တောင်ကြားလမ်း ၌ ဖြတ်တန်းနေစဉ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အမည်မသိ တိုက်ခိုက်သူ တို့က အမေရိကန် ဒေါ်လာ ၅၅,၀၀၀ ကို လုယက် ထွက်ပြေးသွား ခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် မက္ကဆီကို နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် ရဲတပ်ဖွဲ့ တို့က ယင်းအမှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး မှု များဆောင်ရွက်နေပြီး လက်ရှိချိန်တွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

မက္ကဆီကို နိုင်ငံ အစိုးရ သည် လတ်တလော နှစ်ပိုင်းတွင် ဆင်းရဲနွမ်းပါးသူများကို ကူညီရန် အတွက် စီမံကိန်း များစွာ ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထု တို့၏ လူနေမှု အဆင့်အတန်း ကို မြှင့်တင်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.