Connect with us

North America

နယူးမက်ဆီကို တောင်ပိုင်းတွင် ဇီကာဗိုင်းရပ်စ် သယ်ဆောင်သော ခြင်တွေ့ရှိ

အေးဒီးစ်ခြင် တစ်ကောင်အား စမ်းသပ်စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဟို့စ်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးမက်ဆီကိုရှိ သုတေသီများက ပထမဆုံးအကြိမ်အဖြစ် ဇီကာဗိုင်းရပ်စ် သယ်ဆောင်လာသော ခြင် တွေ့ရှိခဲ့ကြောင်း သိရသည်။

နယူးမက်ဆီကိုရှိ ကျန်းမာရေးဋ္ဌာန (NMDOH) နှင့် နယူးမက်ဆီကို နိုင်ငံပိုင် တက္ကသိုလ် (NMSU) က ဇီကာဗိုင်းရပ်စ် သယ်ဆောင်လာသော အေးဒီးစ်ခြင်မျိုးစိတ်ကို နယူးမက်ဆီကို တောင်ဘက် Otero နယ်မြေနှင့် Hidalgo နယ်မြေများ၌ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လတ်တလော တွေ့ရှိမှုအရ နယူးမက်ဆီကိုတွင် ဇီကာဗိုင်းရပ်စ် သယ်ဆောင်သော ခြင်တွေ့ရှိသည့် နယ်မြေပေါင်း ၈ ခု ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါ နယ်မြေများတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာကိုမူ မတွေ့ရသေးကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်က နယူးမက်ဆီကိုတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု ၁၀ ခုရှိခဲ့ပြီး ရောဂါဖြစ်ပွားခဲ့သည့် နိုင်ငံသို့ ခရီးသွားခဲ့သူများနှင့် မိခင်နိုင်ငံသို့ ပြန်ရောက်လာသူများ၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဇီကာဗိုင်းရပ်စ်သည် ဇီကာဗိုင်းရပ်စ် သယ်ဆောင်လာသည့် ခြင် ကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ ကူးစက်ခြင်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပါက မွေးဖွားလာသည့် ကလေးမှာ ဦးခေါင်းသေးခြင်းဟု ခေါ်ဆိုသည့် ဦးနှောက် ချို့ယွင်းချက်ရှိခြင်းနှင့် အခြား ဦးနှောက် ချို့ယွင်းချက်များစွာ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ထို့ပြင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်းနှင့် အခြား မွေးဖွားခြင်းဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်ကြောင်း သိရသည်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ထူးခြားသည့် အာရုံကြော စနစ် ဖျားနာမှုတစ်မျိုး Guillain-Barre Syndrome ဖြစ်ပွားသည့် သတင်းများ များပြားလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.