Connect with us

North America

ပေါ့ပ်ကြယ်ပွင့် မက်ဒေါနား မွေးနေ့ပွဲ ကျင်းပရန် ကျူးဘားသွား

နာမည်ကျော် ပေါ့ပ် အဆိုတော် မက်ဒေါနား (ဓာတ်ပုံ- အင်တာနက်)

ဟာဗားနား၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ပေါ့ပ်ကြယ်ပွင့် မက်ဒေါနားသည် ၅၈ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပရန် ၎င်း၏ ကလေးများ၊ မိသားစုနှင့် ရင်းနှီးသည့် မိတ်ဆွေများနှင့်အတူ ကျူးဘားနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သြဂုတ်လ ၁၅ ရက်၌ သွားရောက်ခဲ့ ကြောင်း သိရသည်။

မက်ဒေါနားသည် ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားသို့ ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီအချိန်၌ ကိုယ်ပိုင် လေယာဉ်ဖြင့် ရောက်ရှိခဲ့ကာ အမေရိကန် ဂန္ထဝင် အမိုးဖွင့်ကားများဖြင့် မြို့တွင်းသို့ ဝင်ရောက်ခဲ့သည်။
အမေရိကန် နာမည်ကျော် အဆိုတော်နှင့် မင်းသမီး မက်ဒေါနားသည် သြဂုတ်လ ၁၆ ရက်၌ ကျူးဘား သီချင်းများ၊ အကများ၊ အစားအသောက်များနှင့်အတူ ပါတီကြီး တစ်ခု ပြုလုပ်မည် ဖြစ်ပြီး ဟာဗားနားရှိ အရေးပါသော သမိုင်းဝင် ယဉ်ကျေးမှု နေရာများသို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။
မက်ဒေါနားသည် လွန်ခဲ့သည့် ရက်အနည်းငယ်က မွေးနေ့ပွဲများ အာဖရိကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်က အမေရိကန်နှင့် ကျူးဘား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက် အမေရိကန်မှ နာမည်ကျော်ကြားသူများ၏ အထိမ်းအမှတ်ပွဲများ ကျင်းပရာ နေရာ ဖြစ်လာခဲ့သည်။
ထို့ပြင် ရိုးလင်းစတုန်း၊ ပဲရစ်ဟီလ်တန်၊ လီယိုနာဒို ဒီကာပရီယို၊ ဘီယွန်းဆေး၊ ရီဟာနား၊ Kanye West နှင့် Kardashian sisters စသည့် နာမည်ကျော် အနုပညာရှင်များကလည်း ကျူးဘားနိုင်ငံသို့ လာရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.