Connect with us

North America

အမေရိကန် နိုင်ငံ က ကုလသမဂ္ဂ ၏ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် ယူနက်စကို မှ နှုတ်ထွက်ကြောင်း ကြေညာ

ယူနက်စကို ဌာနချုပ် ဆိုင်းပုဒ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က အမေရိကန် နိုင်ငံ အနေဖြင့် ယူနက်စကို မှ နှုတ်ထွက်ရန် ဆုံးဖြတ် လိုက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တရားဝင် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံ မှ ယူနက်စကို မှ နှုတ်ထွက်ရခြင်း ၏ အဓိက အကြောင်းအရင်း မှာ ကြွေးကျန် များ အဆက်မပြတ် တိုးမြှင့်လာခြင်း ၊ ယူနက်စကို ၏ ပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်း နှင့် အစ္စရေး နိုင်ငံ အပေါ် ခွဲခြားဆက်ဆံခြင်း တို့ သည် နှုတ်ထွက်ရသည့် အကြောင်းရင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ထုတ်ပြန်ချက်အတွင်း အမေရိကန် နိုင်ငံ အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်လိုက်သည် မှာ လွယ်လင့်တကူ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ ရှေ့ဆက် ၍ အဖွဲ့ဝင် နိုင်ငံ မဟုတ်သည့် လေ့လာသုံးသပ်ရေး နိုင်ငံ အနေဖြင့် ဆက်လက် ပါဝင် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်း တွင် ယူနက်စကို ၌ မဲခွဲဆုံးဖြတ်မှု တစ်ရပ်ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း နိုင်ငံ အား ယူနက်စကို ၏ အဖွဲ့ဝင် နိုင်ငံ အဖြစ် အတည်ပြုခဲ့သည်။ ပါလက်စတိုင်း နိုင်ငံ အား အဖွဲ့ဝင် နိုင်ငံ အဖြစ် အတည်ပြုပြီးနောက်တွင် အမေရိကန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံ တို့မှ ဆန့်ကျင်ခဲ့ကြပြီး ထိုချိန်မှ စ၍ အဖွဲ့ဝင်ကြေး ပေးသွင်းခြင်းကို ရပ်ဆိုင်းလိုက်သည်။ ထို့နောက်တွင် အဖွဲ့ဝင်ကြေး ကြွေးကျန် လွန်စွာ များပြားလာသည့် အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် ယူနက်စကို က အမေရိကန် နိုင်ငံ အား ယူနက်စကို တွင် မဲပေးခွင့် ကို ရပ်ဆိုင်းခဲ့လိုက်သည်။ ယူနက်စကို ၏ ထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံ ၏ အဖွဲ့ဝင်ကြေး ငွေပမာဏ သည် စုစုပေါင်း ဘတ်ဂျက် ၏ ၂၂ ရာခိုင်နှုန်းရှိပြီး မဲပေးခွင့် ရပ်ဆိုင်းလိုက်ချိန် အထိ အမေရိကန် နိုင်ငံ မှ ကြွေးကျန် အမေရိကန် ဒေါ်လာ သန်း ၂၂၀ ရှိကာ ယူနက်စကို မှာလည်း ငွေကြေးဆိုင်ရာ အခက်အခဲ နှင့် ရင်ဆိုင်ခဲ့ရသည်။

ယူနက်စကို သည် ၁၉၄၆ ခုနှစ်တွင် တရားဝင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်အနေဖြင့် ပညာရေး ၊ နည်းပညာ နှင့် ယဉ်ကျေးမှု တို့မှ တစ်ဆင့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် ပေးဆပ်ဆောင်ရွက်သွားလိုခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117