Connect with us

North America

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက IS တို့၏ ငွေကြေးစင်တာများအား ပစ်မှတ်ထားတိုက်ခိုက်

ဆီးရီးယားနိုင်ငံ ရက်ကွာမြို့ရှိ IS စစ်သွေးကြွများအား အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက လေကြောင်းမှ တိုက်ခိုက်စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များသည် IS အစွန်းရောက်အဖွဲ့၏ ငွေကြေးစီးဆင်းမှုအား ဖြတ်တောက်ပစ်ရန် အီရတ်နှင့် ဆီးရီးယားရှိ IS တို့၏ ငွေကြေးစင်တာများ နှင့် ဘဏ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က သြဂုတ် ၁၀ ရက် တွင်ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂ပတ်ကျော် အတွင်း မဟာမိတ်တပ်ဖွဲ့သည် ISတို့၏ ငွေကြေးစင်တာ ၅ခုကို တိကျစွာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို့အနက် ၃ခုမှာ ဆီးရီးယားနိုင်ငံရှိ Abu Kamal မြို့ နှင့် Deir Ez-Zor မြို့တွင် တည်ရှိကာ ကျန် ၂ခုမှာ အီရတ်နိုင်ငံရှိ Hawija မြို့ နှင့် Al-Mukana မြို့တွင် တည်ရှိကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုများသည် အကြမ်းဖက်အဖွဲ့အစည်းမှ ငွေကြေးအရင်းအမြစ်များကို အသုံးပြု၍ တိုက်ခိုက်ရေးသမားများအား အခကြေးငွေပေးခြင်းနှင့် ကမ္ဘာအနှံ့တွင် အကြမ်းဖက်လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်ကြောင်း ပူးပေါင်းတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Dillon က သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

ယခုအချိန်အထိ အီရတ်နိုင်ငံအစိုးရသည် IS စစ်သွေးကြွများ၏ နယ်မြေအတွင်းမှ ဘဏ်ခွဲပေါင်း ၉၀ကျော် ကို ကမ္ဘာ့ငွေကြေးစနစ်များ နှင့် ဆက်သွယ်နေမှုအား ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့သည် မကြာသေးမီကာလများက ဆီးရီးယားနိုင်ငံတွင် ISစစ်သွေးကြွတို့ အဓိက ထိန်းချုပ်ထားသော ရက်ကွာမြို့ကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရလဒ်အနေဖြင့် ယခုရက်သတ္တပတ်အတွင်း အရပ်သား များစွာ သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.