Connect with us

North America

ရုရှားလိုလားသော အဖွဲ့များထံမှ ငွေကြေးရယူခဲ့ကြောင်း ဒေါ်နယ်ထရမ့် စွပ်စွဲခံနေရ

ရွေးကောက်ပွဲမဲဆွယ်ပွဲတွင် မိန့်ခွန်းပြောကြားနေသော ဒေါ်နယ်ထရမ့် အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

သြဂုတ်လ ၁၄ ရက်က New York Times တွင်ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်ကို ကိုးကားပြီး အမေရိကန် ဒီမိုကရက်တစ်ပါတီသည် ရီဗာပလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်အား ရုရှားလိုလားသောအဖွဲ့များထံမှ ထောက်ပံ့ငွေကြေးများ ရယူခဲ့ခြင်း ရှိ/မရှိ မေးခွန်းထုတ်လိုက်ကြောင်း သိရသည်။

အဆိုပါ သတင်းတွင် ရုရှားလိုလားသော (ယခင်)ယူကရိန်းသမ္မတဟောင်း Viktor Yanukovych သည် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးမန်နေဂျာ Paul Manafort အား ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၂.၇ သန်း ပေးအပ်ခဲ့သည်ကို ယူကရိန်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီက ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် အေဂျင်စီက Manafort အနေဖြင့် ၎င်းငွေများကို မည်သည့်နေရာတွင် လက်ခံရယူခဲ့ခြင်းကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ထို့ပြင် Manafort သည် Yanukovych အစိုးရအား ၂ဝ၁၄ ခုနှစ် လူထုဆန္ဒပြပွဲများကြောင့် ပြုတ်ကျသွားခဲ့ရသည့် အချိန်ထိ အကြံဉာဏ်များပေးခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ သတင်းဖော်ပြချက်နှင့်ပတ်သက်၍ ရုရှားလိုလားသော နိုင်ငံရေးအင်အားစုများ နှင့် Manafort တို့ကြား မည်သည့်ပတ်သက်ဆက်နွယ်မှုကို မဆို ဖော်ထုတ်သွားကြရန် ဟီလာရီ၏မဲဆွယ်ပွဲတွင် တိုက်တွန်း တောင်းဆိုမှုများ ရှိလာနိုင်ကြောင်း ဝေဖန်သူများက ဆိုသည်။
အဆိုပါ ထောက်ပံ့ငွေကြေးရယူခဲ့သည် ဆိုသည့် စွပ်စွဲချက်အပေါ် Manafort က ငြင်းဆိုခဲ့ပြီး “ ဘယ်တုန်းကမှ ပိုက်ဆံတစ်ပြားတစ်ကျပ် မယူခဲ့ပါဘူး။ နယူးယောက်တိုင်းမ်က လုပ်ကြံပြီး ရေးလိုက်တဲ့ သတင်းတစ်ပုဒ်ပါ” ဟု ဖြေရှင်းချက်ထုတ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.