Connect with us

North America

အမေရိကန်သတင်းဌာနများ ဆိုက်ဘာတိုက်ခိုက်ခံနေရကြောင်း အမေရိကန်အာဏာပိုင်များပြော

ပြင်သစ်နိုင်ငံ အနောက်ပိုင်းရှိ National engineering elite school of Bretagne ကျောင်းရှိ ဆိုက်ဘာလုံခြုံရေးဌာနခွဲအား ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ကတွေ့ရစဉ် ( ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများသည် လတ်တလောတွင် နယူးယောက်တိုင်းမ်(The New York Times) နှင့် အခြားအမေရိကန်သတင်းဌာနများအား ဦးတည်၍ ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသူများကို စုံစမ်းလျက်ရှိကြောင်း CNN သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုများနောက်ကွယ်၌ ရုရှားထောက်လှမ်းရေးအဖွဲ့က ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း အမေရိကန်အရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ CNN က သတင်းဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းခံခဲ့သော်လည်း နယူးယောက်တိုင်းမ်က တစ်စုံတစ်ရာ အလျင်စလို တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။
အဆိုပါကိစ္စများအား ဖော်ထုတ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု အစိုးရအရာရှိများ နှင့်အတူ ပူးတွဲလုပ်ကိုင်ရန် အလွတ်စုံထောက်များကို ငှားရမ်း အသုံးပြုထားပြီး ဖြစ်ကြောင်း CNN က ဆိုသည်။
ဆိုက်ဘာတိုက်ခိုက်မှုများသည် အမေရိကန်သတင်းဌာနများအား ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသလို အမေရိကန်ဒီမိုကရက်တစ်ပါတီကိုလည်း ပစ်မှတ်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း ထောက်လှမ်းရေးသမားများက ယုံကြည်နေသည်။
လွန်ခဲ့သော တစ်လကျော် နောက်ပိုင်းက ယခင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Bernie Sanders အား ဒီမိုကရက်တစ်အမျိုးသားကော်မတီ(DNC) က ဆန့်ကျင်ပြီး ဘက်လိုက်ခဲ့သည့် DNC ၏ ရုံးတွင်း အီးမေးလ်းပေါက်ကြားမှုများအပြီး ယင်းသို့သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.