Connect with us

North America

လိင်ပြောင်းလဲထားသူအား တပ်သားသစ် စုဆောင်းခွင့် တားမြစ်သည့် မှတ်တမ်းအား ထရမ့် လက်မှတ်ထိုး

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် လိင်ပြောင်းထားသူများ စစ်မှုထမ်းခြင်းကို တားမြစ်ရန် ထိရောက်မှု ရှိစေမည့် မှတ်တမ်း တစ်ခုအား သြဂုတ်လ ၂၅ ရက်တွင် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးလိုက်ကြောင်း သိရသည်။

သမ္မတ လက်မှတ်ရေးထိုးလိုက်သည့် မှတ်တမ်းသည် စစ်ဘက်တာဝန်ထမ်းဆောင်မည့် လိင်ပြောင်းလဲထားသူများအား ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ပင်တဂွန်တွင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်နေသူများအား ကိုင်တွယ်နိုင်မည့် နည်းလမ်းများအား ရှာဖွေရန် ကာကွယ်ရေးဝန်ကြီး James Mattis အား ညွှန်ကြားထားခြင်း ဖြစ်သည်။

ထို့ပြင် လိင်ပြောင်းလဲရန် ခွဲစိတ်မှုများအတွက် ငွေပေးချေမှုကိုလည်း တားဆီးရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

လွန်ခဲ့သည့် တစ်လက သမ္မတ ထရမ့်က အမေရိကန် စစ်တပ်အတွင်း လိင်ပြောင်းထားသူများအား မည်သည့် တာဝန်မျှ ထမ်းဆောင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း တွစ်တာပေါ်တွင် ရေးသားပြီးနောက် ယခုလို အပြောင်းအလဲ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.