Connect with us

North America

အမေရိကန် Powerball ထီ ဒေါ်လာ ၇၅၉ သန်းကို ဆေးရုံ အလုပ်သမ တစ်ဦး ဆွတ်ခူးခဲ့

အမေရိကန် Powerball ထီဆု ဒေါ်လာ ၇၅၉ သန်း ဆွတ်ခူးသွားခဲ့သည့် အသက် ၅၃ နှစ်အရွယ် Mavis Wanczyk အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်တွင် နေထိုင်သော ဆေးရုံ အလုပ်သမ တစ်ဦးက အမေရိကန်ထီ ဒေါ်လာ ၇၅၈.၇ သန်းအား သြဂုတ်လ ၂၄ ရက်က တစ်လုံးတစ်ခဲတည်း ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

အသက် ၅၃ နှစ်အရွယ် Mavis Wanczyk သည် အဆိုပါ Powerball လက်မှတ်အား Springfield မြို့ မြောက်ဘက် Chicopee ရှိ စတိုးဆိုင် တစ်ခုမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစေသည့် နံပါတ်များမှာ ၆၊ ၇၊ ၁၆၊ ၂၃၊ ၂၆ နှင့် Powerball နံပါတ်မှာ ၄ ဖြစ်သည်။

“ပထမဆုံး ကျွန်မလုပ်ချင်တာကတော့ အနားယူချင်တာပါပဲ” ဟု Wanczyk က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၎င်းအနေဖြင့် နှစ်ပေါင်း ၃၂ နှစ်ကြာ စာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Springfield မြို့ရှိ Mercy Medical Center သူနာပြု ဋ္ဌာနမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Wanczyk က ဆုကြေးငွေအား တစ်စုတစ်စည်းထဲ ဒေါ်လာ ၄၈၀.၅ သန်း သို့မဟုတ် အခွန်ဆောင် အပြီးအစီး ဆုကြေး ဒေါ်လာ ၃၃၆ သန်း ထုတ်ယူမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြည်နယ် ထီဋ္ဌာနအရ သိရသည်။

ထို့သို့ တစ်စုတစ်စည်းထဲ မထုတ်ယူပါက ထီဆုပေါက်သူမှာ နှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း ဆုကို ထုတ်ယူ၍လည်း ရကြောင်း သိရသည်။

ယခုလို Powerball ထီဆုအား လက်မှတ် တစ်စောင်ထဲက ပထမဆုံး ဆုငွေ အများဆုံး ရရှိခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ထီဆုများ၌ ဒုတိယမြောက် အများဆုံးလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် အစောပိုင်းက အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ Powerball ဆုအား လူ သုံးဦးက ပူးတွဲရရှိခဲ့သည်။

အဆိုပါ Powerball ထီကံစမ်းခြင်းအား တစ်ပတ်လျှင် နှစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ဝါရှင်တန်ဒီစီ၊ ပါးတိုရီကိုနှင့် ဗာဂျင်းကျွန်းများနှင့် ပြည်နယ် ၄၄ ခုတွင် ကံစမ်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.