Connect with us

North America

သေနတ်သမားအား သုတ်သင်ရန် ဗုံးတပ်ဆင်ထားသည့် စက်ရုပ် အသုံးပြုခဲ့ခြင်းအပေါ် ဒဲလ်လက်စ် ရဲချုပ် ကာကွယ်ပြောဆို

ဗုံးတပ်ဆင်ထားသည့် စက်ရုပ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟို့စ်တန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် ဒဲလ်လက်စ်မြို့၌ ရဲများအား ချောင်းမြောင်း ပစ်ခတ်ခဲ့သည့် သေနတ်သမား တစ်ဦးအား သုတ်သင်ရာတွင် ဗုံးတပ်ဆင်ထားသည့် စက်ရုပ်ကို အသုံးပြုခဲ့ခြင်းအပေါ် ဒဲလ်လက်စ်မြို့ ရဲဋ္ဌာန အကြီးအကဲ ဒေးဗစ် ဘရောင်း က ဇူလိုင်လ ၁၀ ရက်က ကာကွယ် ပြောကြားလိုက်သည်။

ရဲချုပ် ဒေးဗစ် ဘရောင်းက ၎င်းအနေဖြင့် သေနတ်သမား ထိန်းချုပ်ထားသည့် အခန်းတွင်းသို့ ဗုံးတပ်ဆင်ထား သည့် စက်ရုပ် စေလွှတ်မည့် အစီအစဉ်အား ခွင့်ပြုခဲ့သည့်အတွက် တာဝန်ယူကြောင်း မီဒီယာများသို့ ပြောကြား ခဲ့သည်။
သံသယရှိ သေနတ်သမားများထံမှ လက်နက်ချရန် ဆက်လက် ဆွေးနွေး ညှိနှိုင်းရမည့်အစား အဆိုပါ ကြောက်မက်ဖွယ် ကောင်းသည့် ဗျူဟာအား သုံးခဲ့သည့်အတွက် စကားအချေအတင် ဖြစ်ခဲ့ရကြောင်း သိရသည်။
ရဲအရာရှိများ အတွက် အန ္တရာယ်ကြီးမားသည့် အခြေအနေရှိသည့် အတွက် ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ရဲချုပ်က ၎င်း၏ ဆုံးဖြတ်ချက်အား ကာကွယ်ပြောဆိုခဲ့သည်။
အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် တက္ကဆက်ပြည်နယ် ဒဲလ်လက်စ်မြို့သို့ ဇူလိုင်လ ၁၂ ရက်၌ သွားရောက်ကာ Morton H. Meyerson Symphony Center တွင် ပြုလုပ်မည့် အောက်မေ့ဖွယ် အခမ်းအနား ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဇူလိုင်လ ၁၀ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.