Connect with us

North America

တက္ကဆက်ပြည်နယ် ဒဲလ်လက်စ်မြို့တွင် လက်ဖြောင့် သေနတ်သမားများ ပစ်ခတ်မှုကြောင့် ရဲ ၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ဒဲလ်လက်စ်မြို့လယ်တွင် ရဲတပ်ဖွဲ့များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟို့စ်တန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒဲလ်လက်စ်မြို့၌ ဇူလိုင်လ ၇ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် လက်ဖြောင့် သေနတ်သမား နှစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲအရာရှိ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ်မှုသည် ဇူလိုင်လ ၇ ရက် ဒေသစံတော်ချိန် ည ၈း၄၅ နာရီအချိန်၌ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် မြောက်ပိုင်းရှိ ဒဲလ်လက်စ်မြို့လယ်ရှိ မြို့တော်ခန်းမမှ ဝ.၈ ကီလိုမီတာအကွာ၌ လမ်းတစ်လမ်း တစ်လျှောက် ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ ရုပ်သံဋ္ဌာန ABC13 အရ သိရသည်။
လက်ရှိအချိန်တွင် ရဲ နှင့် လုံခြုံရေး အရာရှိများက အဆိုပါ လက်ဖြောင့် သေနတ်သမားများအား ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ စီးပွားရေးဆိုင်ရာ နေရာများနှင့် လူနေ တိုက်ခန်းများ အပါအဝင် ဒဲလ်လက်စ် မြို့လယ်တလျှောက် တိုးချဲ့ ရှာဖွေနေကြောင်း သိရသည်။
အခင်း ဖြစ်ပွားသည့် အခြေအနေများမှာ ပရမ်းပတာ ဖြစ်နေသလို ရဟတ်ယာဉ်များသည်လည်း ဝေဟင်၌ ပျံဝဲနေ သလို အော်တိုမစ်တစ် ရိုင်ဖယ်ကိုင် ရဲအရာရှိများလည်း လမ်းထောင့်များ၌ နေရာယူလျက် ရှိသည်။
ပြည်သူများအား လုံခြုံရေးအရ ဒဲလ်လက်စ်မြို့လယ်သို့ မထွက်ရန် ပြောကြားထားသည်။
ရဲတပ်ဖွဲ့နှင့် အစောပိုင်း ပစ်ခတ်မှုအတွင်း သံသယရှိသူ တစ်ဦးအား ဖမ်းမိထားပြီး အခြားသူ တစ်ဦးကိုလည်း မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးနေကြောင်း၊ လက်ရှိတွင် ဗုံးကျွမ်းကျင် တပ်သား တစ်ဦးသည် သံသယရှိ နေရာအနီးရှိ သံသယဖြစ်ဖွယ် အထုပ်တစ်ခုအား စစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.