Connect with us

North America

အဆုပ်ရောင်ဝေဒနာခံစားနေရသော ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားပြည်နယ် Wells Fargo စင်တာ၌ ဇူလိုင် ၂၈ ရက်က မိန့်ခွန်းပြောကြားနေသော ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန် အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာလ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်သည် တနင်္ဂနွေနေ့က ကျင်းပသည့် (9/11) စက်တင်ဘာ၁၁ တိုက်ခိုက်မှု ၁၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတက်ရောက်အပြီးတွင် အဆုပ်ရောင် ရောဂါခံစားနေရသဖြင့် နေ အိမ်၌ အနားယူနေရကြောင်း သိရသည်။

“ သူ့ကို ပဋိဇီဝဆေးတွေ ပေးထားပါတယ်။ အိမ်မှာပဲ အနားယူပြီး လုပ်စရာတွေကို လုပ်ဖို့အကြံပြုထားပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားတက်နေတဲ့အချိန်မှာ သူ ကိုယ်တွေအရမ်းပူနေတယ်။ ပြီးတော့ ရေဓာတ်လည်း ခမ်းခြောက်နေတယ်။ ကျွန်တော်သူ့ကို သတိပေးလိုက်ပါတယ်။ အခုတော့ ရေဓာတ်လည်းပြန်ရနေပြီမို့ကောင်းကောင်းနေပြန်ကောင်းနေပါပြီ” ဟု သမားတော်ကြီး Lisa Bardack ၏ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းဌာနက ရေးသားဖော်ပြသည်။
အသက် ၆၈ နှစ်အရွယ် ရှိ ဟီလာရီသည် တွစ်တာလူမှုကွန်ယက်စာမျက်နှာမှ တဆင့် ဗီဒီယို မိန့်ခွန်းပြောကြားရာတွင် ၎င်း၏ ဝန်ထမ်းအကူအညီဖြင့် လာကြိုမည့်ကားကို စောင့်ဆိုင်းရန် အတွက် အောက်မေ့ဖွယ်အခမ်းအနားမှ ဆောလျင်စွာ ထွက်ခွာခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟီလာရီသည် မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွက် မန်ဟက်တန်ရှိ ၎င်း၏ သမီးဖြစ်သူနေအိမ်ခန်း၌ အနားယူခဲ့ကြောင်း သိရသည်။ အဆိုပါ နေအိမ်ခန်းမှ မွန်းလွဲပိုင်းတွင်ပြန်လည်ထွက်ခွာပြီး မကြာမီမှာပင် ကလင်တန်က “ ကျွန်မ နေကောင်းနေပါပြီ” ဟု ပြောကြားခဲ့သည်။
ရီပက်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် နှင့် ၎င်းအားထောက်ခံသူများက ဟီလာရီ၏ ကျန်းမာရေးအခြေအနေကို မေးခွန်းထုတ်လိုက်ကြပြီး ဟီလာရီ၏ ကျန်းမာရေးသည် အိမ်ဖြူတော်အတွက် မသင့်လျှော်ကြောင်း ၊ ဟီလာရီသည် အားအင်ကုန်ခမ်းနွမ်းနယ်နေကြောင်း နှင့် အလွန်အအိပ်ကြီးကြောင်း စွပ်စွဲပြောကြားခဲ့သည်။
ပြီးခဲ့သော ဇူလိုင်လက ဟီလာရီကလင်တန်ထံ ပေးပို့ခဲ့သော ဆရာဝန်ဆေးစာတစ်စောင်တွင် ဟီလာရီသည် ရာသီအလိုက်ဖြစ်ပေါ်တတ်သော ယားယံရောဂါ နှင့် လည်ပင်တွင် အကြိတ်ကဲ့သို့သော ဝေဒနာ တစ်ခုမှ လွဲ၍ ကျန်းမာသန်စွမ်းသော အမျိုးသမီးကြီး တစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယင်းကာလအတွင်း ဟီလာရီတွင် သွေးခဲရောဂါလက္ခဏာကို တွေ့ရှိခဲ့သော်လည်း ၂လအကြာ ဆေးကုသမှုအပြီးတွင် လုံးဝပျောက်ကင်းသွားပြီဖြစ်ကြောင်း ဆရာဝန်၏ ဆေးစာတွင် ထပ်မံ ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.