Connect with us

North America

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရာထူး ယှဉ်ပြိုင်သူမရှိ၍ Kim ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံရ

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim အားတွေ့စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသူမရှိသဖြင့် လက်ရှိဥက္ကဋ္ဌ Jim Yong Kim သည် ဒုတိယသက်တမ်းကို ဆက်လက် တာဝန်ယူ ထမ်ဆောင်ခွင့် ရသွားပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ဖော်ကြေညာလိုက်သည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရာထူးကို ဝင်ရောက်အရွေးခံလိုသူသည် စက်တင်ဘာလ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီထက် နောက်မကျဘဲ အမည်စာရင်းပေးသွင်းကြပါရန် သြဂုတ်လ ၂၃ ရက်က ထုတ်ပြန်ကြေညာထားခဲ့ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က ကြေညာထားသော လုပ်ငန်းစဉ် အစီအစဉ်အတိုင်း ကမ္ဘာ့ဘဏ်အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များသည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ အောက်တိုဘာလတွင် Kim နှင့်တွေ့ဆုံရာတွင်၂ဝ၁၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ ဥက္ကဋ္ဌ ရွေးချယ်ရေး လုပ်ငန်းစဉ်များကို အပြီးသတ်ရန် မျှော်လင့်ထားကြကြောင်း ကမ္ဘာဘဏ်က ဆိုသည်။
Kim သည် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ၁၂ ယောက်မြောက် ကမ္ဘာဘဏ် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၎င်း၏ ရာထူးသက်တမ်းမှာ ၂ဝ၁၇ ခုနှစ် ဇွန်လ ၃ဝ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ကမ္ဘာဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန်မထမ်းဆောင်မီ Kim သည် နာမည်ကျော် အမေရိကန် academic institution Dartmouth ကောလိပ်တွင် အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.