Connect with us

North America

အမေရိကန်က ချီလီနိုင်ငံအား ဒေါ်လာ သန်း ၁၄၀ တန် ဒုံးကျည်များ ရောင်းချရန် အတည်ပြု

Type 23 ရေတပ်စစ်သင်္ဘော အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စန်တီယာဂို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အမေရိကန် အစိုးရသည် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိသည့် ဒုံးကျည်ပေါင်း ၄၂ ခုနှင့် အခြား ထောက်ပံ့ရေး စနစ်မျာအား ချီလီနိုင်ငံ စစ်တပ်သို့ ရောင်းချရန် ဇူလိုင်လ ၆ ရက်က အတည်ပြု လိုက်ကြောင်း ချီလီနိုင်ငံ Radio Cooperativa က ဇူလိုင်လ ၆ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

အစီရင်ခံစာ အရ အဆိုပြုလွှာအား အမေရိကန် လွှတ်တော်က ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ယင်း၌ သင်္ဘောအား အခြား ဒုံးကျည်နှင့် လေယာဉ်ပျံများ ရန်မှ ကာကွယ်နိုင်သည့် 33 RIM-162 ESSM ဒုံးကျည် ၃၃ လုံး၊ အဝေးထိန်း ဆင်ဆာပါရှိသည့် ESSM ဒုံးကျည် ၆ လုံး၊ ထောင်လိုက် ပစ်ခတ်နိုင်သည့် MK41 စနစ် ၃ ခု နှင့် အခြား စစ်ဘက်သုံး ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်သည် အပိုပစ္စည်းများ နှင့် ပြုပြင်ရေး ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ချီလီ စစ်တပ်အား စက်ကိရိယာများ ကောင်းစွာ အသုံးပြုတတ်ရန် သင်တန်းပေးခြင်း နှင့် အနာဂါတ်တွင် နည်းပညာ အကူအညီများ ကိုလည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်များအား Raytheon ဒုံးကျည်စနစ်နှင့် BAE စနစ်များ အသုံးပြုထားသည့် ချီလီနိုင်ငံ၏ Type 23 ရေတပ် စစ်သင်္ဘောများတွင် တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.