Connect with us

North America

အာဖဂန်တွင် ၂၀၁၇ ခုနှစ် အထိ အမေရိကန် စစ်သား ၈,၄၀၀ ဆက်လက် ထားရှိမည်ဟု အိုဘားမား ပြောကြား

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ၎င်း၏ အစိုးရ သက်တမ်း ကုန်ဆုံးချိန် ၂၀၁၇ ခုနှစ်အထိ အာဖဂန် နစ္စတန်နိုင်ငံ၌ အမေရိကန် စစ်သား ဦးရေ ၈,၄၀၀ ခန့် ဆက်လက် ထားရှိမည် ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်၌ ကြေညာလိုက်သည်။

အိုဘားမား၏ မူလ အစီအစဉ်အရ ယခုနှစ်ကုန်၌ အာဖဂန် နစ္စတန်တွင် အမေရိကန် စစ်သား ၅,၅၀၀ လျှော့ချ သွားမည်ဟု ကြေညာထားခဲ့သည်။
“ဒီနေ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို တာလီဘန်တွေနဲ့ အာဖဂန်နစ္စတန်ရဲ့ တိုးတက်မှုတွေကို ဆန့်ကျင်သူ အားလုံးဆီ သတင်းစကား ပါးလိုက်ပါတယ်၊ နှစ်ပေါင်းများစွာ အာဖဂန် ပြည်သူတွေကို ဆန့်ကျင်ပြီး စစ်ပွဲတွေ ဆင်နွှဲနေတာ၊ သင်တို့တွေ အရာအားလုံးကို မလွှမ်းခြုံနိုင်ဘူး” ဟု သမ္မတ အိုဘားမားက အိမ်ဖြူတော်၌ ပြုလုပ်သည့် တီဗွီ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အဆိုပါ အမေရိကန် စစ်သားများသည် အာဖဂန် စစ်တပ်အား ထောက်ပံ့ ပေးသွားရန် အတွက် ဆက်လက် ထားရှိခြင်း ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ အနေဖြင့် အမေရိကန် စစ်တပ် ခေါင်းဆောင်များ၊ အမျိုးသား လုံခြုံရေး အဖွဲ့၊ လွှတ်တော်၊ အာဖဂန် အစိုးရနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့များ၏ အကြံပေးချက်များအား အခြေခံကာ ထိုသို့ ဆုံးဖြတ်ချက်သစ် ချမှတ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.