Connect with us

North America

နယူးယောက်တွင် ဘတ်စ်ကားတိုက်မိမှုကြောင့် လူ ၃ဦးသေ၊ ၁၆ဦး ဒဏ်ရာရရှိ

နယူးယောက်တွင် ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားနှစ်စီးတိုက်မှုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၈ ရက်က ဘတ်စ်ကားနှစ်စီး တိုက်မိရာ လူ၃ဦးသေဆုံးပြီး အခြားလူ ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နယူးယောက်မြို့ရှိ Northern Boulevard နှင့် Main လမ်းမဆုံရာတွင် ဒေသစံတော်ချိန် နံနက် ၆း၁၅နာရီတွင် ခရီးသွားသီးသန့် ဘတ်စ်ကား နှင့် မြို့ပြပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MTA) ဘတ်စ်ကားတို့ တိုက်မိခဲ့ကြောင်း သိရသည်။

လမ်းသွားလမ်းလာတစ်ဦး၊ MTA ဘတ်စ်ကားပေါ်မှ ခရီးသည်တစ်ဦး နှင့် ခရီးသွား ဘတ်စ်ကားမှ ကားမောင်းသူတစ်ဦး သေဆုံးကြောင်း ပြည်တွင်းအာဏာပိုင်အဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြုပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသုံးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နယူးယောက်ရဲဋ္ဌာန (NYPD) မှ အရာရှိ James Byrne က ဆင်ဟွာသို့ပြောကြားခဲ့ပြီး သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူအများအပြားသည် အခြေအနေစိုးရိမ်ရကြောင်း နှင့် ယင်းဖြစ်ရပ်သည် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် Bill de Blasio က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

မြို့တော်ဝန်က ယာဉ်တိုက်မှုကြောင့် အနီးအနားရှိ အဆောက်အအုံတစ်လုံး တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘေးကင်းလုံခြုံမှုရှိစေရန် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

NYPD ယာဉ်တိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်စဉ်ကို ကိုင်တွယ်စစ်ဆေးနေကြောင်း အရာရှိ Byrne က ပြောကြားခဲ့သည်။

အာဏာပိုင်များက ရှင်းလင်းမှုများပြုလုပ်ရန် အခင်းဖြစ်ပွားရာတွင် အတားအဆီးများချထားပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ အတန်ကြာဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.