Connect with us

North America

အမေရိကန်နိုင်ငံဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ ၊ လေးဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူတစ်ဦးအား မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ဒန်ဗာမြို့(Denver)တွင် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

လူသေဆုံးမှုရှိခဲ့သော သေနတ်ပစ်ခတ်မှုသည် ကော်လိုရာဒိုပြည်နယ်မြို့တော် ဒန်ဗာမြို့လယ်ခေါင်မှ ဘလောက်အနည်းအငယ်ခန့်အကွာ ကော်လိုရာဒိုဘေ့ဘောအသင်းအိမ်ကွင်း အနီးတွင် ဒေသစံတော်ချိန် ညနေ ၄ နာရီ ( ဂရင်းနစ်စံတော်ချိန် ၂၃ဝဝ နာရီ)တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Doug Schepman က TV news ရုပ်သံလိုင်းသို့ပြောကြားခဲ့ပြီး အခြား လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

“ အဲဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို တိတိကျကျပြောဖို့နဲ့ဘာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့လဲဆိုတာကို ပြောဖို့စောပါသေးတယ် ” ဟု Schepman ကဆိုသည်။ “ စုံစမ်းစစ်ဆေးသူတွေဟာ မျက်မြင်တွေဆီက သက်သေခံချက်တွေကို လိုက်လံစုဆောင်းနေပါတယ်။ဘယ်လို ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုမှတ်တမ်း မဆို သူတို့ကို အကူအညီပေးနိုင်မှာပါ ” ဟု ဆိုသည်။

သံသယရှိသူ (သို့မဟုတ်) သံသယရှိသူများ မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း နှင့် လူအသွားအလာများသည့် အလုပ်ချိန်တွင် အချင်းဖြစ်လမ်းမကို ပိတ်ပစ်ထားခဲ့ရကြောင်း ၊ ထို့ကြောင့် သံသယတရားခံနှင့်ပတ်သက်၍ သတင်းပေးပို့မှုကို ရရှိနိုင်ဦးမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.