Connect with us

North America

အမေရိကန် နိုင်ငံ မင်နီဆိုတာ ပြည်နယ် ရှိ စာသင်ကျောင်း တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံး

အမေရိကန် နိုင်ငံ မင်နီဆိုတာ ပြည်နယ် Minneapolis မြို့ ရှိ စာသင်ကျောင်း ပေါက်ကွဲမှု ကြောင့် ပြိုကျ ခဲ့သည် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ မင်နီဆိုတာ ပြည်နယ် Minneapolis မြို့ မီးသတ် တပ်ဖွဲ့ က ဇူလိုင်လ ၂ ရက်နေ့၌ ယင်းမြို့ရှိ စာသင်ကျောင်း တစ်ကျောင်းတွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကာ ၉ ဦး ဒဏ်ရာရရှိကြောင်း ကို ထုတ်ပြန်ကြေညာ ခဲ့သည်။

မီးသတ် တပ်ဖွဲက က ပေါက်ကွဲမှု သည် သဘာဝဓာတ်ငွေ့ ယိုစိမ့်မှု ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် အဆောက်အဦ ပြိုကျခဲ့ကာ လူအများပိတ်မိနေကြောင်း ပြောကြား ခဲ့သည်။

မီးသက်တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦး က ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြိုကျခဲ့သည့် အဆောက်အဦ အတွင်း မှ သေဆုံးသူ တစ်ဦး ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူကိုရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ၊ ပေါက်ကွဲမှု ကြောင့် နှစ်ထပ် အဆောက်အဦ မှာ လုံးဝ ပြိုလဲသွား ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ဒဏ်ရာရရှိသူ ၉ ဦး ကို အနီးပတ်ဝန်းကျင်ရှိ ဆေးရုံသို့ ဆေးဝါး ကုသရန် ပို့ဆောင်ပေးခဲ့ပြီး ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ၊ ထို့ပြင် ၃ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး မှာ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.