Connect with us

North America

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းတွင် ဆီးနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံး

အမေရိကန်တွင် ဆီးနှင်းကျနေသည်ကို တွေ့မြင်ရစဉ် (ဆင်ဟွာ)

ချီကာဂို ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန် အနောက်အလယ်ပိုင်းဒေသတွင် ဇန်နဝါရီ ၁၂ ရက် ဆီးနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆီးနှင်းကျမှုကြောင့် လမ်းချော်ပြီး ယာဉ်မတော်တဆဖြစ်ပွားရာမှ လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

ဒေသခံမီဒီယာများ၏ သတင်းများအရ မစ်ဆူရီ(Missouri)ပြည်နယ်တွင် အခြေအနေ အဆိုးဝါးဆုံး ဖြစ်ကြောင်း ၊ အချို့နေရာများတွင် အထူ ၃၀ စင်တီမီတာခန့်အထိ ရှိသည့် နှင်းများစုပုံလျက်ရှိကြောင်း ၊ ဆီးနှင်းများ စုပုံနေမှုကြောင့် မစ်ဆူရီ(Missouri)ပြည်နယ် Saint Louis မြို့အနီးရှိ ယာဉ်ကြောလမ်း များ နာရီနှင့်ချီ ပိတ်စို့ လျက်ရှိကြောင်း ၊ Saint Louisရှိ Lambertအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လည်း လေယာဉ်ခရီးစဉ် အများအပြား ရွှေ့ဆိုင်းခြင်း ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရ သည်။

ထိုနေ့ညနေအထိ မစ်ဆူရီ(Missouri)ပြည်နယ် ရဲတပ်ဖွဲ့က အကူအညီတောင်းခံသည့် ဖုန်း ၃၀၀၀ ကျော်ကို လက်ခံဖြေရှင်းခဲ့ရရာ ယာဉ်မတော်တဆမှု ၇၀၀ ကျော်၊ ကားတွင်းပိတ်မိဒုက္ခရောက်နေမှု ၁၃၀၀ ကျော် ပါဝင်ကြောင်း သိရသည်။ ဆီးနှင်းမုန်တိုင်းကြောင့် Missouriပြည်နယ် အလယ်ပိုင်းဒေသ ရှိ အိမ်ထောင်စုနှင့်လုပ်ငန်းပေါင်း ၁၂၀၀၀ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ဆီးနှင်းမုန်တိုင်းသည် ဇန်နဝါရီ ၁၂ ရက်တွင် အမေရိကန်နိုင်ငံ တတိယအကြီးဆုံးမြို့ဖြစ်သည့် ချီကာဂိုနှင့် အခြားအနီးပတ်ဝန်းကျင်ဒေသများကို တိုက်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.