Connect with us

North America

အမေရိကန် တပ်ဖွဲ့ များ ဆီးရီးယား နိုင်ငံ မှ ပြန်လည် ထွက်ခွာ နေပြီ ဖြစ်ကြောင်း အိမ်ဖြူတော် ကြေညာ

အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စာရာဆန်ဒါးစ် ( Sarah Sanders ) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ အိမ်ဖြူတော် က ဆီးရီးယား နိုင်ငံ တွင် ဆောင်ရွက်နေသည့် IS တိုက်ခိုက်ရေး စစ်ဆင်ရေးများ အောင်မြင်မှု ရရှိပြီ နောက်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ အနေဖြင့် ဆီးရီးယား နိုင်ငံ မှ စတင် ထွက်ခွာ နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စာရာဆန်ဒါးစ် ( Sarah Sanders ) က လွန်ခဲ့သည့် ၅ နှစ် က IS အစွန်းရောက် အဖွဲ့အစည်း သည် အရှေ့အလယ်ပိုင်း ဒေသ တွင် အင်အား အလွန်ကြီးမား ပြီး အလွန် အန္တရာယ် များ သော အဖွဲ့အစည်း တစ်ခု ဖြစ်ခဲ့ကြောင်း ၊ လက်ရှိတွင် အမေရိကန် နိုင်ငံ က နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက်၍လည်း နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ အနေဖြင့် ကျန်ရှိနေသေးသည့် IS အစွန်းရောက် အဖွဲ့အစည်း များကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၊ IS တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး နောက်အဆင့် သို့ ရောက်ရှိလာခဲ့သဖြင့် အမေရိကန် နိုင်ငံ က ဆီးရီးယား နိုင်ငံ ရှိ တပ်ဖွဲ့များအား ပြန်လည် ရုပ်သိမ်း ခဲ့ခြင်း ဖြစ်ကြောင်း ၊ သို့သော် အမေရိကန် နှင့် မဟာမိတ် နိုင်ငံများ အနေဖြင့် အချိန်မရွေး လိုအပ်ချက်အရ အမေရိကန် နိုင်ငံ ၏ အကျိုးစီးပွား အား ကာကွယ်ရန် အတွက် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ အကြမ်းဖက်သမားများ နယ်မြေပိုင်ဆိုင်ထားခြင်း ၊ ငွေကြေး နှင့် အထောက်အပံ့ များ ရရှိထားခြင်း ကို အမေရိကန် နှင့် မဟာမိတ် နိုင်ငံ တို့က တားဆီး သွားမည် ဖြစ်ပြီး နိုင်ငံ အတွင်း သို့ အကြမ်းဖက်သမားများ ဝင်ရောက် လာခြင်း ကို လည်း တားဆီး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် သတင်းမီဒီယာ များ က ဒီဇင်ဘာ ၁၉ ရက် ၌ IS အစွန်းရောက် အဖွဲ့အစည်း အပေါ် ဆောင်ရွက်သည့် စစ်ဆင်ရေး မှာ အဓိက အားဖြင့် အောင်မြင်မှုများ ရရှိထားပြီးဖြစ်ကာ ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ပြန်လည် ခေါ်ယူရန် သုံးသပ်နေပြီဖြစ်ကြောင်း ရေးသား ဖော်ပြ ခဲ့ကြသည်။ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ကလည်း IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ခြင်း သည် လက်ရှိ အမေရိကန် အစိုးရ ၏ ဆီးရီးယား နိုင်ငံ အတွင်း အမေရိကန် တပ်ဖွဲ့ ထားရှိရသည့် တစ်ခု တည်းသော ရည်ရွယ်ချက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခုနှစ် ဧပြီလ ၃ ရက် တွင် ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် ပြီခဲ့သည့် ၁၀ နှစ်တာ ကာလ အတွင်း အရှေ့အလယ်ပိုင်း ဒေသ ၌ စစ်ရေးဆောင်ရွက်မှု အတွက် ငွေကြေးများစွာ ကုန်ကျ ခဲ့ရပြီး မည်သည့် အရာမှ ပြန်လည် မရရှိခဲ့ကြောင်း ၊ မိမိ အနေဖြင့် ဆီးရီးယား နိုင်ငံ ရှိ အမေရိကန် တပ်ဖွဲ့ဝင် များအား ပြန်လည် ရုပ်သိမ်းလိုကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.