Connect with us

North America

အမေရိကန်က မြောက်ကိုရီးယားအား နျူကလီးယားကင်းစင်ရေး အစီအစဉ်အဆိုပြု

အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ဆိုင်ရာ အစီအစဉ်တစ်ခုကို မြောက်ကိုရီးယားနိုင်ငံအား အဆိုပြုသွားရန် ရှိကြောင်း အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton) က ဇူလိုင် ၁ ရက်တွင်ပြောကြားလိုက်သည်

“ ကျွန်တော်တို့မှာ လုပ်ဆောင်မယ့် အစီအစဉ်တစ်ခုရှိပါတယ်” ဟု တွေ့ဆုံးမေးမြန်းခန်းတစ်ခုတွင် ဘိုလ်တန်က ဆိုသည်။

၎င်းအစီအစဉ်နှင့်ပတ်သက်၍ သိပ်မကြာခင်ကာလတွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယိုသည် မြောက်ကိုရီးယားနိုင်ငံနှင့်ဆွေးနွေးသွားလိမ့်မည်ဖြစ်ကြောင်း ဘိုလ်တန်က ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု နှင့်အတူ တစ်နှစ်တာအတွင်း တိုက်ချင်းပစ်ဒုံးကျည်စခန်းများ နှင့် နျူကလီးယားစမ်းသပ်ခန်းများကို မည်သို့မည်ပုံ ဖျက်သိမ်းသွားရန် လမ်းပြမြေပုံတစ်ခုကို အမေရိကန်ကျွမ်းကျင်သူများနှင့် အစီအစဉ်ရေးဆွဲလုပ်ဆောင်သွားမည့်အကြောင်းကိုလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းက ထည့်သွင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ စင်ကာပူနိုင်ငံ၌ ဇွန်လတွင်ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအပြီးတွင် မြောက်ကိုရီးယား နှင့် အမေရိကန်နိုင်ငံ တို့သည် ကိုရီးယားကျွန်းဆွယ်နျူးကလီးယားကင်းစင်ရေးကို အရှိန်အဟုန်မြင့် လုပ်ဆောင်ခဲ့ကြသည်။

ဆွေးနွေးပွဲရလဒ်ကို ထောက်ခံသည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နိုင်ငံက ယာယီရပ်ဆိုင်းကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.