Connect with us

North America

အမေရိကန်သမ္မတ နှင့် တူရကီသမ္မတ တို့တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည်

သမ္မတအိုဘားမား နှင့် သမ္မတ အာဒိုဂန် တို့နှစ်ဦး ANTALYA ဆွေးနွေးပွဲတွင် လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၃ဝ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဘာရက်အိုဘားမား နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန် ( Recep Tayyip Erdogan) တို့နှစ်ဦးသည် တရုတ်နိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်စဉ် စက်တင်ဘာလ ၄ ရက်တွင် သီးသန့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားရန် ရှိကြောင်း အိမ်ဖြူတော်က သြဂုတ်လ ၂၉ ရက်က သတင်းထုတ်ပြန်သည်။

တူရကီနိုင်ငံ၌ မကြာသေးမီက ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အမေရိကန် သမ္မတ နှင့် တူရကီသမ္မတတို့နှစ်ဦးအကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ၊ ထိုသို့တွေ့ဆုံစဉ် တူရကီနိုင်ငံက လုပ်ဆောင်လျက်ရှိသည့် အိုင်အက်စ်ဆန့်ကျင်ရေး ၊ ဆီးရီးယားဆန့်ကျင်ရေး နှင့် ဒုက္ခသည်အကျပ်အတည်း ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ အမျိုးသား ဒုတိယလုံခြုံရေးအကြံပေး Ben Rhodes က သတင်းသမားများအားပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံမှုသည် လွန်ခဲ့သော လပိုင်းက တူရကီနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် မအောင်မြင်သည့် အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်း အိုဘားမား နှင့် အာဒိုဂန် တို့အကြားပထမဆုံးတွေ့ဆုံမှုဖြစ်ကြောင်းသိရသည်။
တူရကီနိုင်ငံ၌ မအောင်မြင်သည့် အာဏာသိမ်းမှုနောက်ပိုင်းတွင် အမေရိကန် နှင့် တူရကီနိုင်ငံတို့အကြားဆက်ဆံရေးမှာ မသေချာမရေရာမှုများ ဖြစ်ခဲ့ရသည်။ အဆိုပါ အာဏာသိမ်းမှုကို အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားတွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့်နေထိုင်လျက်ရှိသည့် မွတ်စလင်ဘာသာရေးခေါင်းဆောင် ဂူလန် (Fehullah Gulen) ၏ နောက်လိုက်နောက်ပါများက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန် က စွပ်စွဲထားပြီး ဂူလန်အား တူရကီနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်နိုင်ငံအား တောင်းဆိုခဲ့သည်။
တူရကီဘာသာရေးခေါင်းဆောင်အား ပြန်လည်လွှဲပြောင်းပေးရေးနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ တရားဝင်ရလဒ်များပေါ်မှာသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက တုံ့ပြန်ပြောကြားထားသည်။
၁၁ ကြိမ်မြောက် G20 ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဟန်ဇူး(Hangzhou) မြို့၌ စက်တင်ဘာလ ၄ ရက် မှ ၅ ရက်အထိ ကျင်းပသွားရန် ရှိနေသည်။ အဆိုပါ ဆွေးနွေးပွဲအပြီးတွင် အမေရိကန်သမ္မတအိုဘားမားသည် လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန် စီစဉ်ထားကြောင်း နှင့် ယင်းမှာ အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး လာအိုခရီးစဉ်ဖြစ်ကြောင်း Rhodes ၏ ပြောဆိုချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.