Connect with us

North America

အမေရိကန်အစိုးရယန္တရား အဆုံးသတ်စေမည့် ဥပဒေကြမ်းများ အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အထက်လွှတ်တော်၊ အောက်လွှတ်တော် တာဝန်ရှိသူများနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အိမ်ဖြူတော်မှ ဗီတိုအာဏာအသုံးပြုပယ်ချနိုင်သည့် အရိပ်လက္ခဏာများရှိနေသည့်ကြားမှ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုကို အဆုံးသတ်စေမည့် ဘဏ္ဍာငွေအသုံးပြုမှု ဥပဒေကြမ်းများကို အောက်လွှတ်တော် ကိုယ်စားလှယ်များက ဇန်နဝါရီလ ၃ ရက်နှောင်းပိုင်းတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

အောက်လွှတ်တော်ကို ထိန်းချုပ်ထားသောဒီမိုကရက်များက နိုင်ငံခြားရေး၊ စီးပွားရေး၊ လယ်ယာစိုက်ပျိုးရေး၊ အလုပ်သမား၊ ဘဏ္ဍာရေး စသည့်ဝန်ကြီးဌာနများနှင့် အခြားသော လုပ်ငန်းများအား လက်ရှိ ဘဏ္ဍာရေးနှစ်ကုန်ဖြစ်သော စက်တင်ဘာလ ၃၀ ရက်အထိ လည်ပတ်နိုင်မည့် ရန်ပုံငွေရရှိနိုင်သော ဥပဒေကြမ်းများအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ ဥပဒေကြမ်းများမှာ သမ္မတ ဒေါ်နယ်ထရမ့်၏ ကာလရှည်ကတိပြုထားသော အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းတည်ဆောက်ရန်အတွက် ရန်ပုံငွေမပါရှိသဖြင့် အိမ်ဖြူတော်မှ ဗီတိုအာဏာသုံးပယ်ချနိုင်သည့် အရိပ်လက္ခဏာရှိပြီး အထက်လွှတ်တော်သို့ အရောက်တွင် ပျက်ပြယ်သွားနိုင်ခြေရှိသည်။

သမ္မတ ထရမ့်၏ အကြံပေးများ၏ ထောက်ခံချက်အရ နယ်စပ်တံတိုင်းအတွက် ရန်ပုံငွေမထောက်ပံ့ပါက ဥပဒေကြမ်းကို သမ္မတက ဗီတိုအာဏာဖြင့် ပယ်ချမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ (Xinhua)