Connect with us

North America

အမေရိကန် နိုင်ငံ တွင် ကားအများ ဆင့်တိုက်မှုကြောင့် မီးလောင်မှု ဖြစ်ပွား လူ ၆ ဦး သေဆုံး ၈ ဦး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ တွင် ၂၀၁၇ ခုနှစ် ၌ ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် တွင် ဇန်နဝါရီ ၃ ရက် ညနေပိုင်း အချိန်၌ ကားအများဆင့်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လောင်စာဆီ ယိုစိမ့်မှုကြောင့် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူ အနည်းဆုံး ၆ ဦး သေဆုံး ခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီးသတ်ဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ယာဉ်တိုက်မှု က ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၀ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယာဉ်တိုက်မှု က Alachua မြို့နယ် မှ Gainesville မြို့ သို့ သွားရာ အမှတ် ၇၅ လမ်းမ တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယာဉ်တိုက်မှုကြောင့် လူအများ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယာဉ်တိုက်မှု အတွင်း ဆီတင်ကား နှစ်စင်း နှင့် အသေးစား ခရီးသည်တင် ကား နှစ်စင်း ပါဝင်ခဲ့ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် ဒီဇယ် လီတာပေါင်း ၁၈၉ လီတာ ယိုစိမ့်မှုဖြစ်ပွား ခဲ့ရာ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)