Connect with us

North America

အမေရိကန်၌ ပစ်ခတ်မှုဖြစ်ပွားရာ ၈ ဦးဒဏ်ရာရ ၊ သေနတ်သမားသေဆုံး

အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့ ရဲတပ်သားတစ်ဦး၏ ဝတ်စုံအသွင် အပြင်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ် ၊ မေ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့၌ ဧပြီ ၃ဝ ရက် ညပိုင်းက ဘီယာမူးနေသော သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် သေနတ်သမားမှာ ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း KFMB-ရုပ်သံက သတင်းဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်ကဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားသူ များစွာ ရှိကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

မျက်မြင်သက်သေတစ်ဦး၏အဆိုအရ သေနတ်ပစ်ခတ်သံများကိုကြားရကြောင်း နှင့် သေနတ်သမားကိုတွေ့မြင်ခဲ့ကြောင်း သိရသည်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ဆင်းရဲသားရပ်ကွက်တစ်ခုရှိ အိမ်ယာတစ်ခု၌ သေနတ်သမား တစ်ဦးသည် လက်တစ်ဖက်က ဘီယာခွက်ကိုကိုင်ထားပြီး အခြားလက်တစ်ဖက်က သေနတ်တစ်လက်ကိုင်ဆောင်ကာ ပစ်ခတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါမျက်မြင်သက်သေက ဆိုသည်။

သေနတ်သမားမှာ လူဖြူအမျိုးသားတစ်ဦးဖြစ်ကြောင်း ၊ ၎င်းအား ရဲတပ်ဖွဲ့ဝင်သုံးဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဆန်ဒီယေဂို ရဲတပ်ဖွဲ့အကြီးအကဲ Shelley Zimmerman က ဆိုသည်။အဆိုပါ သေနတ်သမားသည်အခင်းဖြစ် အိမ်ယာ၌ နေထိုင်သူ ဟုတ်မဟုတ် မသိရှိရသေးကြောင်း နှင့် လူအုပ်ကြီးအား ပစ်ခတ်ခဲ့သည့် ကိစ္စရပ်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သတင်းများက ဆိုသည်။(Xinhua)