Connect with us

North America

အမေရိကန် တက္ကသိုလ် ကျောင်းသားကို မြောက်ကိုရီးယား ပြန်လွှတ်ပေး

မြောက်ကိုရီးယားနိုင်ငံက ပြန်လွှတ်ပေးလိုက်သော အမေရိကန်နိုင်ငံသား Otto Warmbier အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက ပြန်လွှတ်ပေးလိုက် အမေရိကန်နိုင်ငံသား တက္ကသိုလ် ကျောင်းသား အော့သ်တို ဝမ်ဘီယာ (Otto Warmbier) အား တင်ဆောင်လာသော လေယာဉ်သည် အိုဟိုင်းအိုးပြည် Cincinnati မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသခံ မီဒီယာက ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် ပြောကြားလိုက်သည်။

ထောင်ကျနေသည့် အမေရိကန် တက္ကသိုလ် ကျောင်းသား ဝမ်ဘီယာကို မြောက်ကိုရီးယားက လွှတ်ပေးပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန်က ပြောသည်။

“မစ္စတာ ဝမ်ဘီယာဟာ အမေရိကန်ကို ပြန်လာတဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ၊ မကြာခင် မိသားစုနဲ့ ဆုံတွေ့တော့မှာပါ” ဟု အစောပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် တီလာဆန်က ပြောသည်။

ထို့ပြင် မြောက်ကိုရီးယားက ထိန်းသိမ်းထားသည့် အမေရိကန် နိုင်ငံသား သုံးဦးနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း တီလာဆန်က ပြောသည်။

ဝမ်ဘီယာမှာ မြောက်ကိုရီးယားတွင် သတိမေ့ရောဂါ ရရှိခဲ့ပြီး ဆေးမှတ်တမ်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်း ဝမ်ဘီယာ၏ မိဘများက အမေရိကန် မီဒီယာသို့ ပြောကြားခဲ့သည်။

ဗာဂျီးနီးယား တက္ကသိုလ် ကျောင်းသား ဝမ်ဘီယာသည် ၂၀၁၆ ခုနှစ်က မြောက်ကိုရီးယားသို့ ကျူးကျော် ဝင်ရောက်ခဲ့မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.