Connect with us

North America

အမေရိကန် လွှတ်တော် အမတ် သေနတ်ပစ်ခံရပြီး ဒဏ်ရာရ

အမေရိကန်လွှတ်တော် အမတ်တိုက်ခိုက်ခံရသောနေရာတွင်လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ် (ဓါတ်ပုံ- အင်တာနက်)

ဝါရှင်တန် ၊ ဇွန် ၁၄ ရက် ( ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အနီး Alexandria ဘေ့စ်ဘောကွင်း ၌ ဇွန်လ ၁၄ ရက်တွင် သေနတ်သမားတစ်ဦး၏တိုက်ခိုက်မှုကြောင့် ရီပတ်ဘလစ်ကန် အမတ်များ၏ အများစု ခေါင်းဆောင် အောက်လွှတ်တော်အမတ် Steve Scalise အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏အဆို အရ သေနတ်သမားကို ဖမ်းချုပ်ထားကြောင်းနှင့် နောက်ထပ်ခြိမ်းခြောက်မှုမရှိတော့ကြောင်း သိရသည်။ Alexandria ဘေ့စ်ဘောကွင်းအကြီးအကဲ Michael Brown ပြောကြားချက်အရ အခင်းဖြစ်နေရာမှ လူ ၅ ဦးကို ဆေးရုံတင်ပို့ထားကြောင်း နှင့် လွှတ်တော်အမတ် Scalise ရဲ့ အခြေအနေမှာ တည်ငြိမ်စွာရှိနေကြောင်း သိရသည်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတဆင့်Scalise အား မိတ်ဆွေစစ် နှင့် တိုင်းပြည်ချစ်စိတ်ရှိသူတစ်ဦးဖြစ်ကြောင်း ၊ မကြာမီပြန်လည် နလန်ထူနိုင်လိမ့်မည်ဖြစ်ကြောင်း ရေးသား ထားသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင်ရှိနေခဲ့သောအထက်လွှတ်တော်အမတ် ရင်းပေါလ် ကအမေရိကန်ရုပ်မြင်သံကြားကွန်ရက်ဖြစ်သော MSNBC နှင့်တွေ့ဆုံရာတွင်သေနတ်သမားသည် AR-15 သေနတ်အမျိုးအစားကိုထပ်မံကျည်ထိုးခဲ့သည်ဟု ယုံကြည်ကြောင်းပြောခဲ့သည်။ဤကဲ့သို့ ရီပတ်ဘလစ်ကန်အမတ်နှင့် လက်ထောက်များကိုပစ်မှတ်ထား၍ပစ်ခတ်မှုဖြစ်ခဲ့ခြင်းကြောင့် လက်နက်ထိန်းချုပ်ရေးစည်းမျဉ်းများအပေါ်အငြင်းပွားမှုများဖြစ်လာနိုင်ကြောင်းသိရသည်။(Xinhua)