Connect with us

North America

အမေရိကန် တရားရုံးချုပ် တွဲဖက်တရားသူကြီး အန်တိုနင် စကာလီယာ အနောက် တက္ကဆက်၌ ကွယ်လွန်

တရားသူကြီး အန်တိုနင် စကာလီယာ (အင်တာနက်)

ဟို့စ်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တရားရုံးချုပ် တွဲဖက်တရားသူကြီး အန်တိုနင် စကာလီယာ (Antonin Scalia) သည် ဖေဖော်ဝါရီလ ၁၃ ရက်က အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် အပန်းဖြေအိမ်ရာ တစ်ခု၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း တရားသူကြီးချုပ် ဂျွန်ရောဘတ်က အတည်ပြုပြောကြားခဲ့သည်။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်သော စကာလီယာသည် မာဖာတောင်ဘက် ဘစ်ဘန်ဒေသအတွင်းရှိ Cibolo Creek Ranch အပန်းဖြေအိမ်သို့ ဖေဖော်ဝါရီလ ၁၂ ရက်ကရောက်ရှိခဲ့ပြီး လူ ၄၀ ခန့် ပါဝင်သည့် ပါတီတစ်ခုသို့ တက်ရောက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်စာ လာရောက်စားသောက်ခြင်း မရှိသည့်အတွက် လုပ် ဖော်ကိုင်ဖက် တစ်ဦးက ၎င်း၏ အခန်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ ၎င်းအား သေဆုံးနေလျက်သား တွေ့ရ ကြောင်း Houston Chronicle သတင်းစာက ဖော်ပြခဲ့သည်။

အန်တိုနင် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း လူကြီးရောဂါဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုး ရ အရာရှိတစ်ဦးက ပြောသည်။သမ္မတ ဘားရတ် အိုဘားမားမှလည်း တရားသူကြီး စကာလီယာ ကွယ်လွန်ခြင်းအတွက် မိသားစုနှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီလ ၁၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

စကာလီယာသည် ၁၉၃၆ ခုနှစ်တွင် နယူးဂျာစီပြည်နယ် ထရန်တန်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် အမေရိ ကန် သမ္မတဟောင်း ရော်နယ် ရေဂန်က တရားရုံးချုပ်၌ ခန့်အပ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၎င်းသည် အီတလီနွယ်ဖွား အမေရိကန်လူမျိုးတစ်ဦး ဖြစ်ပြီး အမေရိကန် တရားရုံးချုပ်တွင် သက်တမ်းအရှည်ဆုံး တရား သူကြီး တစ်ဦးလည်း ဖြစ်သည်။ ၎င်းအား အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို အပြင်းအထန် ကန့်ကွက်ခဲ့ကာ သေဒဏ် စီရင်မှုကို ထောက်ခံသူအဖြစ် လူသိများသူလည်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.