Connect with us

North America

အမေရိကန်နိုင်ငံ အရီဇိုးနား ပြည်နယ်ရှိ စာသင်ကျောင်းတွင် ကျောင်းသူ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျောင်းသူ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့် နေရာအား ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ အထက်တန်းကျောင်း တစ်ခု၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသူနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

သေနတ်တစ်လက်အား သေဆုံးသူများ၏ ဘေးတွင် တွေ့ရှိရပြီး အလောင်းတစ်လောင်းစီ၌ သေနတ်ဒဏ်ရာ တစ်ချက်စီ ရရှိထားကြောင်း သိရသည်။

ယင်းဖြစ်ရပ်အား ကိုယ့်ကိုယ်ကို သတ်သေမှု အဖြစ် ထင်မြင်ယူဆချက်များ ရှိခဲ့ပြီး ရဲတပ်ဖွဲ့များက စုံစမ်းမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အရီဇိုးနားပြည်နယ် ဂလန်ဒေးလ်မြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းအား ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပိတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117