Connect with us

North America

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား တွင် မုန်တိုင်း တိုက်ခတ်ခံရ သဖြင့် လက်ရှိချိန် တွင် အနည်းဆုံး ၅ ဦး သေဆုံး

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် သစ်ပင် ပြိုလဲ နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လောစ့်အိန်ဂျလိစ် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းဒေသ ၌ မုန်တိုင်း တိုက်ခတ် ခံရပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ တောင်ပြိုခြင်း ၊ ဆက်သွယ်ရေး လမ်းကြောင်း နှင့် လျှပ်စစ်မီး ပျက်တောက်ခြင်း တို့ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ မုန်တိုင်း ကြောင့် သေဆုံးခဲ့သူ ၅ ဦးရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်း အထိ လောစ့်အိန်ဂျလိစ် နှင့် အနီးတဝိုက်ရှိမြို့ များ၏ မိုးရေချိန်သည် ၈၀ မီလီမီတာ မှ ၁၅၀ မီလီမီတာ အတွင်းရှိခဲ့ကြောင်း ၊ အချို့သော မြို့များတွင် ရေမြောင်းစနစ် သည် အိုဟောင်းနေပြီး ဖြစ်သောကြောင့် ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မတော်တဆမှုများ ဖြစ်ပွား ခဲ့ပြီး ၃ ဦး မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရကာ ၁ ဦးမှာ သစ်ပင် ပြိုလဲမှုကြောင့် သေဆုံးခဲ့ရကြောင်း ၊ ၁ ဦးမှာ ဓာတ်လိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ၊ ထို့ပြင် လောစ့်အိန်ဂျလိစ် မြို့ပြင်၌ ကား ၂ စင်း မှာ မြေပြိုမှုကြောင့် ဖြစ်ပွားခဲ့သည့် တွင်းကြီးထဲသို့ ပြုတ်ကျခဲ့ပြီး ကားပေါ်ရှိ ခရီးသည် များကို ကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း သေဆုံး ဒဏ်ရာရရှိသည့် စာရင်း မသိရှိကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.