Connect with us

North America

တိုယိုတာက မီးလောင်မှုအန္တရာယ်ဖြစ်နိုင်သည့် ချို့ယွင်းချက်ကြောင့် Prius, C-HR hybrids ကားစီးရေ ၁ သန်း ပြန်သိမ်း

တိုယိုတာ C-HR hybrids ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ချီကာဂို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တိုယိုတာ မော်တာ ကော်ပိုရေးရှင်းသည် Prius ကားနှင့် C-HR ကား စီးရေ ၁ သန်းကျော်အား မီးလောင်မှုအန္တရာယ်ဖြစ်နိုင်သည့် ချို့ယွင်းချက်ကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းနေကြောင်း သိရသည်။

ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းမည့် ကားစီးရေစာရင်း စုစုပေါင်း ၁.၀၃ သန်းရှိပြီး ဂျပန်နိုင်ငံမှ ကားစီးရေ ၅၅၄,၀၀၀ စီးနှင့် အမေရိကန်နိုင်ငံမှ ကားစီးရေ ၁၉၂,၀၀၀ စီးပါဝင်ကြောင်း တိုယိုတာမှ ပြောခွင့်ရပုဂ္ဂိုလ် Jean-Yves Jault က စက်တင်ဘာလ ၅ ရက်တွင် ပြောကြားချက်အား ကိုးကား၍ Detroit News က သတင်းဖော်ပြထားသည်။

မော်တော်ယာဉ်တစ်စီး မီးခိုးထွက်ကြောင်း၊ သို့သော် ဒဏ်ရာရသူမရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားကြောင်း ဒေသခံ သတင်းစာက ဖော်ပြထားသည်။

ကားအတွင်း လျှပ်စစ်ယူနစ်ကို ချိတ်ဆက်သော အင်ဂျင်ဝါယာသိုင်းကြိုးက အချိန်ပိုသွားလျှင် အန္တရာယ်ရှိပြီး မီးလောင်ခြင်းပင်ဖြစ်နိုင်ကြောင်း ဂျပန်ကားထုတ်လုပ်သူ တိုယိုတာက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူသောကားများသည် ယခုနှစ် မေလမတိုင်မီ ထုတ်လုပ်ထားသော Plug-in မူကွဲ အပါအဝင် Prius လက်ရှိမျိုးဆက်တိုင်းနှင့် C-HR Hybrid ဗားရှင်းများ ပါဝင်ကြောင်း သိရသည်။

ယခုလို ပြန်လည်သိမ်းယူသော ကားအရေအတွက်သည် မကြာသေးမီနှစ်များအတွင်း အများဆုံး ပြန်လည်သိမ်းယူမှုများအနက် တစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ်က ဆီတိုင်ကီများ ယိုစိမ့်မှုအတွက် Prius အပါအဝင် ကားစီးရေ ၂.၈၇ သန်းနှင့် လေအိတ်ချို့ယွင်းချက်ကြောင့် ကားစီးရေ ၁.၄၃ သန်း ပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.