Connect with us

North America

အမေရိကန် နိုင်ငံ ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄၁၂ ဦး ထိန်းချုပ်ဆေးဝါး လိမ်လည် ထုတ်ယူမှု ဖြင့် တရားစွဲ ခံရ

အမေရိကန် နိုင်ငံ ဥပဒေရေးရာ ဝန်ကြီး Jefferson Sessions အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တရားရုံး က ထိန်းချုပ်ဆေးဝါး လိမ်လည် ထုတ်ယူမှု နှင့် ပတ်သက် ဆက်နွှယ်မှု ရှိသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄၁၂ ဦး ကို တရားစွဲဆိုကြောင်း နှင့် ယင်းအမှု နှင့် ဆက်နွှယ်သည့် ငွေကြေး ပမာဏ မှာ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ခန့်ရှိကြောင်း ဇူလိုင် ၁၃ ရက်နေ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ဥပဒေရေးရာ ဝန်ကြီး Jefferson Sessions က ထုတ်ပြန်ချက် တစ်ခု တွင် ဆရာဝန် ၁၁၅ ဦး ၊ သူနာပြု နှင့် အခြား ဆေးဘက်ဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၄၁၂ ဦး ကို တရားစွဲဆိုမည် ဖြစ်ကြောင်း ၊ ထိုအတွင်း မှ ၁၂၀ ဦး သည် ဘိန်း နှင့် ပတ်သက်သည့် ဆေးဝါးများ နှင့် အခြား အန္တရာယ်ရှိ သည့် ထုံဆေး များ လိမ်လည် ထုတ်ယူမှု နှင့် ပတ်သက်ခဲ့ကြောင်း ၊ ကျန်းမာရေး နှင့် ပြည်သူ့ဝန်ဆောင်မှု ဌာန အနေဖြင့် အမှု နှင့် ပတ်သက်နေသည့် ဝန်ထမ်း ၂၉၅ ဦး ကို သက်ဆိုင်ရာ လုပ်ငန်း လိုင်စင် များကို ရပ်ဆိုင်း လိုက်ပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

Sessions က ယခု ဆောင်ရွက်မှု သည် ထိန်းချုပ်ဆေးဝါး လိမ်လည် ထုတ်ယူမှု တိုက်ဖျက်ရေး သမိုင်း တစ်လျှောက် အကြီးမား ဆုံးသော တိုက်ဖျက်ရေး ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ အများအပြား သည် ဆေးဘက်ဆိုင်ရာ ရပ်တည်မှု ကို ချိုးဖောက်ခဲ့ကြပြီး ပြစ်မှု ကျူးလွန်ခြင်း ဖြင့် ငွေကြေးရှာဖွေသည့် ဒုစရိုက်သမား များ ဖြစ်ခဲ့ကြကြောင်း ၊ တရားရေး ဌာန အနေဖြင့် ဆက်လက်၍ တိုက်ဖျက်မှု များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

FBI ယာယီဌာနမှူး Andrew McCabe က ဘိန်းနှင့် သက်ဆိုင်သည့် ဆေးဝါးများ သည် လူ့ဘဝ ဆုံးရှုံး သည့် အထိ ဖျက်ဆီး နိုင်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ယင်းဘေးဒုက္ခ ကို ဖြေရှင်းရမည့် အခြေအနေ သို့ ရောက်ရှိနေကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ တွင် ၂၀၁၆ ခုနှစ်၌ လူပေါင်း ၆ သောင်းခန့်သည် ဆေးဝါး အလွန်အကျွံ သုံးစွဲမှု ကြောင့် သေဆုံး ခဲ့ကြပြီး သေဆုံးမှု အများစု မှာ ဆေးဝါး ထိန်းချုပ် ဆေးဝါး သုံးစွဲမှု မှ တစ်ဆင့် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.