Connect with us

North America

အမေရိကန် နှင့် ရုရှား နိုင်ငံ တို့က နှစ်နိုင်ငံ မဟာဗျူဟာ မြောက် နျူကလီးယား လက်နက် အရေအတွက် စာရင်း နှင့် ပတ်သက်၍ အပြန်အလှန် လဲလှယ်မည်

ရုရှား နိုင်ငံ ၏ Yars တိုက်ချင်းပစ် ဒုံးကျည် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ အမေရိကန် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ အနေဖြင့် ပြီးခဲ့သည့် ၇ နှစ်တာ ကာလ အတွင်း နျူကလီးယား လက်နက် လျှော့ချရေး သဘောတူညီမှု ကို လိုက်နာခဲ့ကြပြီး နှစ်နိုင်ငံ အနေဖြင့် မတ်လပိုင်းအတွင်း မဟာဗျူဟာ မြောက် နျူကလီးယား လက်နက် အရေအတွက် စာရင်း နှင့် ပတ်သက်၍ အပြန်အလှန် လဲလှယ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က နျူကလီးယား လက်နက် လျှော့ချရေး သဘောတူညီမှု အသစ် က ဖေဖော်ဝါရီ ၅ ရက်နေ့ တွင် စတင် အကျိုးဝင် မည် ဖြစ်ကြောင်း ၊ အမေရိကန် နှင့် ရုရှား နိုင်ငံ တို့အနေဖြင့် ပြီးခဲ့သည့် ၇ နှစ်တာ ကာလအတွင်း သဘောတူညီချက်အရ နှစ်စဉ် နျူကလီးယား လက်နက် အရေအတွက် စာရင်း ကို နှစ်ကြိမ် လဲလှယ် ခဲ့ကြကြောင်း ၊ နျူကလီးယား လက်နက် လျှော့ချခြင်းဖြင့် အမေရိကန် နှင့် မဟာမိတ် နိုင်ငံ များကို လုံခြုံမှု ရရှိစေခဲ့ပြီး အမေရိကန်-ရုရှား မဟာဗျူဟာ ဆက်ဆံရေး ကိုလည်း ပိုမို တည်ငြိမ်ပွင့်လင်း ပြီး အနာဂတ် အတွက် ကောင်းမွန်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၀ ခုနှစ် ဧပြီလ မှ စတင်တွင် အမေရိကန် နှင့် ရုရှား နိုင်ငံ ခေါင်းဆောင် တို့က ချက်သမ္မတ နိုင်ငံ မြို့တော် တွင် တိုက်ခိုက်နိုင်သော မဟာဗျူဟာမြောက် လက်နက်များအား ကန့်သတ်ခြင်း နှင့် လျှော့ချခြင်း ဆိုင်ရာ နျူကလီးယား လက်နက် လျှော့ချရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့သည်။ သဘောတူညီချက် အရ နှစ်နိုင်ငံ အနေဖြင့် ၇ နှစ် အတွင်း နေရာချထားသည့် နျူကလီးယား ထိပ်ဖူးပါ လက်နက်များကို ၁,၅၅၀ အောက် သို့ လျှော့ချရန် နှင့် ရွေ့လျားနိုင်သည့် လက်နက်ပေါင်း ၇၀၀ ထက်မကျော်ရန် သဘောတူညီခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.