Connect with us

North America

ဆန်ဖရန်စစ်စကိုမြို့ရှိ ပါဆယ်စက်ရုံတစ်ခု တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဆန်ဖရန်စစ်စကိုမြို့ရှိ ပါဆယ်စက်ရုံ United Parcel Service (UPS) အားတွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ်စကို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဆန်ဖရန်စစ်စကိုမြို့ရှိ ပါဆယ်ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်သည့် United Parcel Service (UPS) တွင် ဇွန်လ ၁၄ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ဦး ပစ်ခတ်ခံရပြီး သေနတ်သမားအပါအဝင် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆန်ဖရန်စစ်စကိုမြို့ ရဲတပ်ဖွဲ့ (SFPD) ယာယီ အကြီးအကဲ Toney Chaplin က အခင်းဖြစ်ပွားရာသို့ ရဲအရာရှိများ အလျင်အမြန်သွားရောက်ခဲ့ပြီး သေနတ်သမား နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ သေနတ်သမား၏ ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းပေါ်ရှိ ဆန်ဖရန်စစ်စကိုမြို့ ပေါ်တီရိုဟေးလ် ခရိုင် တွင် ဒေသစံတော်ချိန် နံနက် ၉နာရီ ခန့်တွင် အလုပ်ရုံနှင့် ဝယ်ယူသူ ဝန်ဆောင်မှု စင်တာတစ်ခုဖြစ်သည့် United Parcel Service (UPS) ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မျက်မြင်တွေ့မြင်ခဲ့သူများ၏ ပြောကြားချက်အရ သေနတ်သမားသည် UPS ယူနီဖောင်းအား ဝတ်ဆင်ထားကြောင်း သိရသည်။ ပါဆယ်ပို့ဆောင်ရေး ကုမ္ပဏီ UPS က ဒဏ်ရာရရှိသူများသည် ကုမ္ပဏီဝန်ထမ်းများဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့ပြီး Toney Chaplin က သေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများ၏ ကိုယ်ရေးအချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.