Connect with us

North America

အမေရိကန် ဟစ်ပန်းနစ် မျိုးနွယ်စု အများစု ခွဲခြား ဆက်ဆံခံနေရကြောင်း စစ်တမ်း ထွက်လာ

မာရီလန်းပြည်နယ်၌ ဟစ်ပန်းနစ် မျိုးနွယ်စုဝင် Freddie Gray သည် ရဲအချုပ်ခန်း၌ သေဆုံးသွားခြင်း အပေါ် ကန့်ကွက်ကြောင်း လမ်းဘေး ပန်းချီများဖြင့် ပုံဖော်ထားသည်ကို ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၅ က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အတွင်းရှိ ဟစ်ပန်းနစ် (Hispanics) ခေါ် စပိန်စကားပြော မျိုးနွယ်စု ထက်ဝက်ကျော်မှာ လူမျိုးရေးအရ ခွဲခြားဆက်ဆံ ခံနေရကြောင်း Pew သုသေတန စင်တာ၏ စစ်တမ်း ကောက်ယူချက်များ အရ သိရသည်။

၎င်းစစ်တမ်းတွင် အမေရိကန် ဟစ်ပန်းနစ် မျိုးနွယ်စု ၅၂ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် ခွဲခြားဆက်ဆံ ခံနေရပြီး တရားမျှတစွာ ပြုမူဆက်ဆံခြင်း မခံရကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံ၌ လူမျိုးရေး ဆက်ဆံမှုတွင် ယေဘုယျအားဖြင့် ဆိုးဝါးလျက် ရှိနေကြောင်း ၊ လူမဲများအပေါ် ဆက်ဆံပုံမျိုးနှင့် ဆင်တူနေကြောင်း ဟစ်ပန်းနစ် ၅၈ ရာခိုင်နှုန်းက ဆိုထားသည်။ ထို့ပြင် ဟစ်ပန်းနစ်များသည် အသက်အရွယ်အရ ခွဲခြားဆက်ဆံ ခံနေရကြောင်း စစ်တမ်းတွင် ဖြည့်စွက် ဖော်ပြထားသည်။
စစ်တမ်း ကောက်ခံချက်အရ အသက် ၁၈ နှစ် မှ ၂၉ နှစ်ကြား အမေရိကန် ဟစ်ပန်းနစ် ၆၅ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် ခွဲခြားဆက်ဆံ ခံနေရကြောင်း ပြောကြားခဲ့ပြီး အသက် ၅ဝ နှစ်အထက် ဟစ်ပန်းနစ် ၃၅ ရာခိုင်နှုန်း ကလည်း အလားတူ ခွဲခြားဆက်ဆံ ခံရကြောင်း ပြောကြားထားသည်။
အမေရိကန်နိုင်ငံဖွား ဟစ်ပန်းနစ် ၆၂ ရာခိုင်နှုန်းသည်လည်း ရွှေ့ပြောင်း အခြေစိုက် ဟစ်ပန်းနစ် ၄၁ ရာခိုင်နှုန်း နည်းတူ ခွဲခြားဆက်ဆံ ခံနေရကြောင်း စစ်တမ်းက ဆိုသည်။ လူဖြူမဟုတ်သော ဟစ်ပန်းနစ် ၅၆ ရာခိုင်နှုန်းသည် ၎င်းတို့ဘဝတစ်လျှောက်တွင် ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ခဲ့ရကြောင်း နှင့် အခြား လူဖြူဟစ်ပန်းနစ် ၄၁ ရာခိုင်နှုန်းထက် ပို၍ ခွဲခြားဆက်ဆံ ခံရကြောင်း စစ်တမ်းက ဆိုထားသည်။
အမေရိကန်နိုင်ငံ၌ ၂ဝ၁၅ ခုနှစ်တွင် ဟစ်ပန်းနစ် မျိုးနွယ်စုဝင် ၅၆.၆ သန်း ရှိကြောင်း ခန့်မှန်းထားသည်။ အများစုမှာ မဲပေးခွင့် ကန့်သတ် ခံထားရပြီး ၎င်းတို့၏ မဲများသည် ၂ဝ၁၆ ခုနှစ်သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ကောင်းစွာ အဆုံးအဖြတ် ပေးနိုင်စွမ်းရှိသည်။
လက်တင် အမေရိကတိုက်မှ ပြည်သူ သန်းပေါင်းများစွာသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက အမေရိကန် နိုင်ငံသို့ရွှေ့ပြောင်း အခြေချကြပြီး အမေရိကန်နိုင်ငံ၌ ၁၉၈ဝ ပြည့်လွန်နှစ်များ မှ ၁၉၉ဝ ပြည့်လွန် နှစ်များ အတွင်း ဟစ်ပန်းနစ် မျိုးနွယ်စုဝင် ဦးရေမှာ များစွာတိုးပွားလာကြောင်း Pew သုတေသန စင်တာအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.