Connect with us

North America

အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး ရာထူးကနှုတ်ထွက်

အမေရိကန်နိုင်ငံအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး James Clapper အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး James Clapper သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ရာထူးမှ အနားယူမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်က ကြေညာခဲ့သည်။

Clapper သည် ၎င်း၏ နှုတ်ထွက်စာကို အမေရိကန် အောက်လွှတ်တော်၌ တင်သွင်းခဲ့ပြီး “ စိတ်ထဲမှာ ကျေနပ်ပျော်ရွှင်မိပါတယ်” ဟု ပြောဆိုခဲ့သည်။ အသက် ၇၅ နှစ်အရွယ်ရှိ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ James Clapper က သမ္မတအိုဘားမားအစိုးရ သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်းတွင် တာဝန်မှအနားယူရန် စီစဉ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် အမေရိကန်ထောက်လှမ်းရေးအကြီးအကဲအဖြစ် ၂ဝ၁ဝ ပြည့်နှစ်က စတင်တာဝန်ယူခဲ့ပြီး စီအိုင်အေ နှင့် အမျိုးသားလုံခြုံရေးအေဂျင်စီအပါအဝင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်း ၁၆ ခုကို ဦးဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.