Connect with us

North America

မက္ကဆီကိုက ကမ္ဘာ့ အဝဆုံး အမျိုးသား ဝိတ်ချရန် ကုသမှု ခံယူပြီ

ကမ္ဘာ့ အဝဆုံး အမျိုးသား ဂျန် ပတ်ဒရို ဖရန်ကို ဆေးကုသမှု ခံယူရန် သွားရောက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံရှိ ကမ္ဘာ့အဝဆုံး အမျိုးသားသည် ၎င်း၏ ခန္ဓာကိုယ် အလေးချိန်အား လျှော့ချရန် ကုသမှု ခံယူနေပြီ် ဖြစ်ကြောင်း ဒေသခံ မီဒီယာက နိုဝင်ဘာလ ၁၆ ရက်က သတင်းတင်ပြထားသည်။

ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၀၀၀ နီးပါးရှိသည့် အသက် ၃၂ နှစ်အရွယ် ဂျန် ပတ်ဒရို ဖရန်ကို (Juan Pedro Franco) အား အလေးချိန် လျှော့ချဖို့ ကုသမှု ခံယူရန်အတွက် အထူး ပြင်ဆင်ထားသော ဗင်ကားဖြင့် မက္ကဆီကို မြို့လယ်ရှိ ၎င်း၏ နေရပ်မြို့ Aguascalientes မှ မက္ကဆီကို နိုင်ငံ အနောက်ပိုင်း Guadalajara မြို့ရှိ ပုဂ္ဂလိက ဆေးခန်း တစ်ခုသို့ ပို့ဆောင်ပေးခဲ့ရသည်။

“ဒီနေ့အထိ ဒီလောက် အလေးချိန်ရှိတဲ့သူ ကမ္ဘာပေါ်မှာ မရှိသေးဘူး” ဟု ၎င်း၏ ခွဲစိတ် ဆရာဝန် ဂျို့စ် အန်တိုနီယို ကက်တန်နီဒါ ခရုဇ်က ပြောသည်။

ဖရန်ကိုသည် အသက် အန္တရာယ် စိုးရိမ်ဖွယ် ဖြစ်သည့် အဝလွန်ခြင်း၊ ဆီးချို၊ သွေးချိုရှိခြင်းနှင့် သိုင်းရွိုက် စွမ်းဆောင်ရည် မူမမှန်ဖြစ်ခြင်း စသည့် ဝေဒနာများ ခံစားနေရသူ ဖြစ်ပြီး ၎င်း၏ ဆေးရုံတက်ရောက်မှုအား ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခဲ့ကြောင်း El Debate နေ့စဉ် သတင်းစာ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဖရန်ကိုအား ကိုယ်အလေးချိန် လျှော့ချမှု ခွဲစိတ်ကုသရေးအတွက် ကြိုတင်ပြင်ဆင်ရန် လာမည့် ခြောက်လအတွင်း ကိုယ်အလေးချိန် အချို့ လျှော့ကျသွားရန် စီစဉ်ထားကြောင်း ကက်တန်နီဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒီလို ခွဲစိတ်ကုသဖို့အတွက် သူရဲ့ ခန္ဓာကိုယ် အလေးချိန် ဘယ်လောက် လျှော့ချနိုင်မလဲဆိုတာ ကျွန်တော်တို့ သတိထား စောင့်ကြည့်ရမယ်”ဟု ကက်တန်နီဒါက ပြောသည်။

ထို့ပြင် ဖရန်ကိုအတွက် ဆေးရုံသို့ လာရောက်ရသည့် ခရီးမှာ ခက်ခဲလွန်းသည့်အတွက် ၎င်း၏ ဂလူးကို့စ် အဆင့်အား မထိန်းနိုင် ဖြစ်ခဲ့ရကြောင်း အဆိုပါ ခွဲစိတ် ဆရာဝန်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.