Connect with us

North America

အမေရိကန်-အိန္ဒိယ ကာကွယ်ရေးဝန်ကြီးများ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် ထပ်မံအတည်ပြု

အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး James Mattis ၊ အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ၊ အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နှင့် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီး Nirmala Sithraman (ဝဲမှယာ) တို့ အားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး James Mattis သည် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Nirmala Sithraman အား ဒီဇင်ဘာ ၃ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်၌ လက်ခံတွေ့ဆုံခဲ့ပြီး အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မီးမောင်းထိုးဆွေးနွေးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်များအတွင်း အမေရိကန်နှင့်အိန္ဒိယ နိုင်ငံတို့၏ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် ရှေ့ဆက်တိုးတက်လာခဲ့ကြောင်း Mattis ကပြောကြားခဲ့သည်ဟု ပင်တင်ဂွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mattis က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာလက ကျင်းပခဲ့သော အမေရိကန်-အိန္ဒိယ ( ၂+၂) ဝန်ကြီးအဆင့်ဆွေးနွေးပွဲသည် “ ကျွန်တော်တို့ဟာ အနာဂတ်မှာ ကာကွယ်ရေးဆိုင်ရာ အဓိက မိတ်ဖက်ဆက်ဆံရေးပြုလုပ်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခြင်းဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

Sitharaman က အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား ကာကွယ်ရေးတွင် အရေးပါသောမိတ်ဖက်အဖြစ်ရှုမြင်ထားကြောင်းဆိုသည်။

“ ကျွန်မတို့မှာ စစ်တပ်အချင်းချင်းကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှု ၊ စစ်ဘက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှု ၊ သိပ္ပံ နဲ့သုတေသနလုပ်ဆောင်မှု ၊ ကာကွယ်ရေးပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု ၊ အတူတကွထုတ်လုပ်မှု နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု နှင့် စက်မှုလုပ်ငန်းပိုင်းတွင် အားပေးထောက်ခံမှုများ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း အိန္ဒိယနိုင်ငံသည် အစဉ်အလာအားဖြင့် ရုရှားနိုင်ငံနှင့်လည်း စစ်ဘက်ဆိုင်ရာဆက်ဆံမှုများ နီးကပ်စွာ လုပ်ဆောင်နေခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာလက အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်တန်ဖိုးရှိ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များ ဝယ်ယူရေးသဘောတူညီချက်တစ်ခုကို အိန္ဒိယ နှင့် ရုရှားနိုင်ငံ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.