Connect with us

North America

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပနားမားနိုင်ငံသမ္မတ Juan Carlos Varelaနှင့်အတူ တရုတ်-ပနားမားကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် နှစ်နိုင်ငံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် ပနားမားနိုင်ငံ သမ္မတ Juan Carlos Varelaတို့က နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

ပနားမား ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ပနားမားနိုင်ငံသမ္မတ Juan Carlos Varelaနှင့်အတူ ဒီဇင်ဘာ ၃ ရက်က ပနားမားနိုင်ငံ ပနားမားမြို့တွင် တရုတ်-ပနားမားကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်ရေးဖိုရမ် သို့ တက်ရောက်ခဲ့သည့် နှစ်နိုင်ငံလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတရှီက တရုတ်-ပနားမား သံတမန်ဆက်ဆံရေးထူထောင်မှုသည် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး အနာဂတ်အလားအလာကို ပိုမိုကျယ်ပြန့်လာစေကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍဆက်နွယ်ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်အခါမျှ ယနေ့ခေတ်အခါကဲ့သို့ နီးနီးကပ်ကပ်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ကြောင်း ၊ စီးပွါးရေးလုပ်ငန်းများသည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအဓိကအင်အားစုဖြစ်ရာ အခွင့်လမ်းကောင်းများကို ဆုပ်ကိုင်ကာ ပူးပေါင်းဆောင်ရွက်မှု များကို တိုးချဲ့လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် အတူဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်နိုင်ရန် စိတ်စေတနာအရင်းခံပြီး နိုင်ငံအသီးသီးအား တံခါးဖွင့်ကြိုဆိုလျက်ရှိရာ ပနားမားနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ လုပ်ငန်းရှင်များ တရုတ်နိုင်ငံသို့လာရောက် ရင်းနှီးမြုပ်နှံရန် ကြိုဆိုဖိတ်ခေါ်သလို တရုတ်လုပ်ငန်းရှင်များကို ပနားမားတွင် တိုးခဲျ့ရင်းနှီးမြုပ်နှံရန် အားပေးကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် သမ္မတရှီက နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များသည့် လူမှုတာဝန်များကို ထမ်းဆောင်သင့်ကြောင်း ၊ ကုန်သွယ်စီးပွားနှင့်အတူ နိုင်ငံ၏ချစ်ကြည်ရေးကို သယ်ပိုးရမည်ဖြစ်ကြောင်း ၊ စီးပွားရေးစီမံကိန်းများနှင့်အတူ ချစ်ကြည်ရေးမှတ်ကျောက်တိုင်များ ထူထောင်ကြရမည်ဖြစ်ပြီး တရုတ်-ပနားမား ပူးပေါင်းဆောင်ရွက်မှု၏လှပသည့် အနာဂတ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပနားမားနိုင်ငံသမ္မတ Juan Carlos Varelaကလည်း ပနားမားနိုင်ငံနှင့် တရုတ်နိုင်ငံ၏ စက်မှုကုန်သွယ် လုပ်ငန်းများသည် တူးမြောင်း၊ ဆိပ်ကမ်းနှင့် Colónလွတ်လပ်သောကုန်သွယ်ရေးဇုန်များတွင် ဆက်သွယ်မှုများရှိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ၊ သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများသည့် တစ်နေ့ထက်တစ်နေ့တိုးမြှင့်လာကြောင်း ၊ တရုတ်စီးပွားရေးလုပ်ငန်းများ ပနားမားတွင် လာရောက်ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်သလို ပနားမားကို လက်တင်အမေရိကား၏ စီးပွားရေးအခြေစိုက်နေရာအဖြစ်သဘောထားကာ နိုင်ငံနှင့်ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပြီး သမ္မတရှီပြောကြားခဲ့သည့် အကျိုးတူဖြစ်ထွန်းရေးပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.