Connect with us

North America

အာကာသအတွင်း ရှိ ကြယ်တစ်လုံး အား လည်ပတ်နေသည့် ကမ္ဘာအရွယ် ဂြိုဟ်သစ် ၇လုံး အားရှာဖွေတွေ့ရှိ

TRAPPIST-1 ကြယ်အား လှည့်ပတ်နေသည့် ကမ္ဘာအရွယ် ဂြိုဟ်သစ် ၇လုံးအားတွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

နေစကြဝဠာ မှ အလင်းနှစ် ၄၀ အကွာအဝေး၌ ကျစ်လစ်သိပ်သည်းသော ဂြိုဟ်အဖွဲ့အစည်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန်အာကာသအေဂျင်စီ နာဆာ(NASA) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားခဲ့သည်။

နိုင်ငံတကာနက္ခတ္တဗေဒပညာရှင်အဖွဲ့က မြေပြင်အခြေစိုက် နက္ခတ်တာရာကြည့်စခန်းများ နှင့် အားကောင်းသော အာကာသမှန်ပြောင်းများ ကို အသုံးပြု၍ ကမ္ဘာဂြိုဟ် နှင့် နီးကပ်သော ကုံရာသီခွင် ကြယ်အစုအဝေးအတွင်း ရှိ TRAPPIST-1 ကြယ်အား လှည့်ပတ်နေသည့် ကမ္ဘာအရွယ် ဂြိုဟ် ၇လုံးကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

နာဆာက “အေးပြီးသေးငယ်တဲ့ကြယ်ရဲ့အနီးအနားမှာ လည်ပတ်နေတဲ့ ကမ္ဘာအရွယ် ဂြိုဟ် ၇လုံး ကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီဂြိုဟ်တွေအားလုံးမှာ အသက်ရှင်ဖို့ အဓိကသော့ချက်လို့ ကျွန်တော်တို့သိထားတဲ့ ရေဟာ အရည်ပုံစံနဲ့ ရှိနေနိုင်ပါတယ်” ဟု Twitter ၌ရေးသားခဲ့သည်။

ဂြိုဟ် ၇လုံးအနက် ၃လုံးသည် မိခင်ကြယ်တာရာ အနီး အသက်ရှင်နေထိုင်ရန် လုံလောက်သည့် ဇုန်အတွင်းရှိနေ၍ ရေ သည် အရည်အဖြစ် ရှိနေနိုင်ကြောင်း သိရသည်။

အဆိုပါ ရှာဖွေတွေ့ရှိမှုသည် နေစကြဝဠာအဖွဲ့အစည်း အပြင်ဘက် ရှိ ကြယ်တာရာတစ်လုံးအား လှည့်ပတ်နေသည့် အသက်ရှင်နေထိုင်ရန် လုံလောက်သော အခြေအနေရှိသည့် ဂြိုဟ်တွေ့ရှိမှုတွင် အရေအတွက် အများဆုံးရှာဖွေတွေ့ရှိမှုအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ရှာဖွေတွေ့ရှိမှုအသစ်များအား Nature ဂျာနယ်၌ ဖေဖော်ဝါရီ ၂၂ ရက်က ဖော်ပြခဲ့ပြီး ဝါရှင်တန်မြို့ရှိ နာဆာရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ကြေညာခဲ့သည်။

သေးငယ်ပြီး ရာသီဥတုအလွန်အေးသော ကြယ်တာရာ တစ်လုံးဖြစ်သည့် TRAPPIST-1 သည် နက္ခတ္တဗေဒ နှင့် နေအဖွဲ့အစည်းအပြင်ဘက် သက်ရှိများရှာဖွေခြင်းအတွက် ထင်ရှားသည့် ခေါင်းစဉ်သစ်တစ်ခုဖြစ်လာခဲ့သည်။ နေနှင့် မတူဘဲ အဆိုပါ ကြယ်သည် အလွန်အေးပြီး ၎င်းနှင့် အနီးကပ်ဆုံး ပတ်လမ်းအတွင်းရှိ ဂြိုဟ်များတွင် ရေသည် အရည်ပုံစံဖြင့် တည်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.