Connect with us

North America

အမေရိကန်အရှေ့မြောက်ပိုင်း၌ ဆောင်းမုန်တိုင်းဒဏ်ကြောင့် လူ ၆ ဦးသေဆုံး


ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၌ ဇန်နဝါရီလ ၈ ရက်တွင် အနောက်အရပ်မှ တောင်အရပ်သို့ဆက်တိုက် တိုက်ခတ်နေသော ဆောင်းရာသီ ဟဲလီနာ (Helena ) မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံမိုးလေဝသရုပ်သံအစီအစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

Montgomery စီရင်စု Asheboro မြို့တောင်ဘက်ရှိ အဝေးပြေးလမ်းမပေါ်ရှိ ရေခဲပြင်ပေါ်တွင် ကားတစ်စီး လမ်းချော်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြောက်ကယ်ရိုလိုင်နားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Copper က ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့ပြီး ယခုနှစ်ဆောင်းမုန်တိုင်းဒဏ်ကြောင့် ပထမဦးဆုံး သေဆုံးခဲ့ရသူဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

မက်စ်ဆာချူးဆတ်ပြည်နယ် East Bridgewater တွင် မုန်တိုင်းဒဏ်ကြောင့် ၁၉.၅ လက်မ အမြင့်ရှိ ဆီးနှင်းထုဖုံးလွှမ်းသွားကြောင်း နှင့် ယခင်နှစ်က စုစုပေါင်းကျဆင်းခဲ့သော အမြင့်ဆုံးဆီးနှင်းထု အမြင့်ရှိကြောင်း အကြီးတန်းမိုးလေဝသပညာရှင် Jonathan Erdman ၏ ပြောကြားချက်ကို Weather.com တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီလ ၇ ရက် ဆီးနှင်းများ ထူထပ်စွာကျဆင်းနေပုံအားတွေ့ရစဉ်(ဆင်ဟွာ)

“ ဘော့စတွန်မှာရှိတဲ့ Logan လေဆိပ်မှာ အမြင့် ၇.၂ လက်မရှိတဲ့ ဆီးနှင်းထုဖုံးလွှမ်းသွားတယ်။ အဲဒီနှင်းထုဟာ ပြီးခဲ့တဲ့နှစ်က အများဆုံးကျဆင်းခဲ့တဲ့ နှင်းထုထက် ပိုပြီး မြင့်နေပြီး ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄- ၁၅ ရက်တွေက ကျဆင်းခဲ့တဲ့ အမြင့် ၁၆.၂ လက်မ ရှိ အမြင့်ဆုံးဆီးနှင်းထုပမာဏ နောက်ပိုင်း ဆီးနှင်းကျဆင်းမှုအများဆုံးပမာဏဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆောင်းမုန်တိုင်းဒဏ်ကြောင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် အန္တရာယ်များကြုံတွေ့နေရကြောင်း နှင့် အဓိက အဝေးပြေးလမ်းမများပေါ်တွင် ဆီးနှင်းဖယ်ရှားရှင်းလင်းသည့် ကိရိယာပေါင်း ၃ဝဝဝ ကျော်ကို အသုံးပြု၍ လမ်းရှင်းမှုများပြုလုပ်နေကြောင်း မက်စ်ဆာချူးဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူး Charlie Baker က ဆိုသည်။

“ ဆီးနှင်းကျဆင်းနေလို့လမ်းခရီးတစ်လျှောက် မြင်နိုင်စွမ်းဟာ လုံးဝကွယ်ပျောက်လုနီးပါးဖြစ်နေပါတယ်။ အဲဒီ အခြေအနေမျိုးမှာ မောင်းနှင်နိုင်အောင် အရေးတကြီးဆောင်ရွက်နေပါတယ်” ဟု အမေရိကန်နိုင်ငံ အဝေးပြေးလမ်းဆိုင်ရာ ညွှန်ကြားရေးမှူး Tom Tinlin က အေပီသတင်းဌာနသို့ပြောကြားခဲ့သည်။ အဆိုပါ နှင်းမုန်တိုင်းများ ပြင်းထန်စွာတိုက်ခိုက်နေခြင်းကြောင့် ၎င်း စီရင်စုနယ်မြေအတွင်း လေယာဉ်ခရီးစဉ်များ ပယ်ဖျက်ခြင်း နှင့် နှောင့်နှေးခြင်းများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.