Connect with us

North America

အမေရိကန်နိုင်ငံတွင် တစ်နေ့အတွင်း COVID-19ရောဂါကူးစက်ခံရသူ တစ်သိန်းလေးသောင်းကျော် အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ လူငယ်ပေါင်း ကိုးသိန်းနှစ်သောင်းကျော် ရောဂါကူးစက်ခံရ

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၉ ရက်၌ လူများနှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက် ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၄၃,၄၀၈ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁,၄၇၉ ဦးတိုးမြင့်ခဲ့ကာ ကမ္ဘာပေါ်တွင် တစ်နေ့အတွင်း ရောဂါထပ်မံကူးစက်ခံရသည့် စံချိန်သစ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း ၊ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အမေရိကန်နိုင်ငံတွင် လူငယ်ပေါင်း ၉၂၀,၀၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အမေရိကန်နိုင်ငံကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ထုတ်ပြန်ကြေညာချက်အရ နိုဝင်ဘာ ၁၁ ရက်၌ ကူးစက်ခံရသူဦးရေ သည် တစ်နေ့အတွင်း ရောဂါထပ်မံကူးစက်ခံမှုအများဆုံးဖြစ်သည့် ၁၃၀,၀၀၀ ကျော်စံချိန်ကို ကျော်လွန်ခဲ့ကြောင်း ၊ နိုဝင်ဘာ ၁၁ ရက်အထိ အမေရိကန်နိုင်ငံတွင် တစ်ပတ်အတွင်းနေ့စဉ် ရောဂါထပ်မံကူးစက်ခံရသူမှာ ပျှမ်းမျှ ၁၂၀,၀၀၀ ကျော်ရှိခဲ့ပြီး တစ်ပတ်အတွင်းနေ့စဉ်ရောဂါကြောင့်သေဆုံးသူဦးရေက ပျှမ်းမျှ ၁,၁၀၀ ဦး အထိရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ ကလေးအထူးကုအသင်း နှင့် ကလေးဆေးရုံအသင်း ၏ လတ်တလောရက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၅ ရက်အထိ လူငယ်ပေါင်း ၉၂၇,၅၁၈ ဦး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း၏ ၁၁.၃ ရာခိုင်နှုန်းရှိကြောင်း ၊ အမေရိကန်နိုင်ငံ ရှိ လူငယ်တစ်သိန်းတိုင်းတွင် ၁,၂၃၂ ဦးက COVID-19 ရောဂါ ကူးစက်ခံရကြောင်း ၊ လတ်တလောကာလတွင် အမေရိကန်လူငယ်ရောဂါကူးစက်ခံရမှု က ပိုမိုမြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက် မှ နိုဝင်ဘာ ၅ ရက်အထိ တစ်ပတ်တည်းတွင် လူငယ်ပေါင်း ၇၄,၀၀၀ ခန့် COVID-19 ရောဂါ ထပ်မံကူးစက်ခံရပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ စ၍ တစ်ပတ်အတွင်း လူငယ်ကူးစက်ခံရမှုအများဆုံးအပတ်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းပြုစုချက်အရ နိုဝင်ဘာ ၁၂ ရက် အမေရိကန်အရှေ့ပိုင်း ဒေသစံတော်ချိန် ညပိုင်းအထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀.၅၃ သန်းကျော်ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၂,၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.