Connect with us

North America

ဖလော်ရီဒါပြည်နယ်တွင် ပစ်ခတ်မှုကြောင့် FBI ရဲအရာရှိနှစ်ဦးသေဆုံး ၊ သုံးဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က J. Edgar Hoover ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ရုံးအပြင်ဘက်တွင် ရဲကားတစ်စီးရပ်တန့်ထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ/ရိုက်တာ)

ဝါရှင်တန်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ရဲအရာရှိ နှစ်ဦးသေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း FBI က ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် “ ကလေးသူငယ်အကြမ်းဖက်မှုများနှင့်ပတ်သက်သောဖြစ်စဉ်တစ်ခု” အား ဖော်ထုတ်ရန် မီယာမီမြို့လယ်ခေါင်ရှိ နေရာတစ်ခုအား ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းရှာဖွေစဉ် ဖေဖော်ဝါရီ ၂ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း FBI ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ FBI တပ်ဖွဲ့နှစ်ဦး သေဆုံးသွားပြီး သုံးဦး ဒဏ်ရာရသွားတယ်” “ ဒဏ်ရာရတဲ့ အေဂျင့်နှစ်ယောက်ကို ဆေးရုံပို့ထားပြီး သူတို့ဟာ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ ဝင်ရောက်စီးနင်းမှုအတွင်း သံသယတရားခံမှာလည်း သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေအတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း FBI ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။(Xinhua)

———————————————-
(English Version)

FBI says two agents dead, three wounded in Florida shooting

WASHINGTON, Feb. 2 (Xinhua) — The Federal Bureau of Investigation (FBI) said on Tuesday that two of its agents were dead and three were wounded in a shooting in southeastern state of Florida.

In a statement, the FBI said the incident occurred early in the morning when a team of law enforcement officers were there to execute a search warrant “in furtherance of a violent crimes against children case” in Sunrise, a city in the Miami metropolitan area.

“Two FBI agents are deceased and three are wounded,” the statement said. “Two wounded agents were transported to hospital and are in stable condition.”
The suspect is also deceased, according to the statement.

The FBI added the shooting is under investigation by its inspection division. Enditem
FBI Police vehicles sit parked outside of the J. Edgar Hoover Federal Bureau of Investigation Building in Washington, U.S., Feb. 1, 2018. (Xinhua/REUTERS)