Connect with us

North America

IS စစ်သွေးကြွ အုပ်စု က အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှု အား ၎င်းတို့လုပ်ဆောင်ကြောင်း ထုတ်ပြန်

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ နိုက်ကလပ်တစ်ခုတွင် လူ ၅၀ ဦး သေဆုံးခဲ့ရသော ပစ်ခတ်မှု၏ မြင်ကွင်းတစ်ရပ်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

IS စစ်သွေးကြွ အုပ်စု နှင့် ဆက်စပ်လျက် ရှိသော Amaq သတင်းဌာန က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ လိင်တူဆက်ဆံသူများ နိုက်ကလပ်တွင် အနည်းဆုံး လူပေါင်း ၅၀ သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှု အား IS စစ်သွေးကြွ အုပ်စု ကလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သေနတ်ပစ်ခတ်မှု သည် အော်လန်ဒိုမြို့ နိုက်ကလပ်ရှိ လိင်တူဆက်ဆံသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ နှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀ ကျော် ရှိခဲ့ကာ ယင်းပစ်ခတ်မှု ကို IS စစ်သွေးကြွ တိုက်ခိုက်ရေး သမား တစ်ဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Amaq က အင်္ဂလိပ်စာ ဖြင့် ရေးသားထားသည့် ထုတ်ပြန်ချက် တစ်ခု အား အွန်လိုင်း ၌ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ဖော်ပြခဲ့သည်။
ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ရှိနာမည်ကြီး Pulse နိုက်ကလပ် တွင် ဇွန်လ ၁၂ ရက် ကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ကြောင့် ရဲဝန်ထမ်းတစ်ဦးအပါအဝင် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၂၀၀၁ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှု ပြီးသည်မှစ၍ အမေရိကန်နိုင်ငံ သမိုင်းတွင် အသေအပျောက် အများဆုံး အစွန်းရောက် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။
IS အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံ နှင့် အီရတ်နိုင်ငံ ရှိနယ်မြေများ တွင် လိင်တူဆက်ဆံသူများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် သမိုင်းကြောင်းများ ရှိပြီး ၎င်းတို့အား အဆောက်အဦ ခေါင်မိုးပေါ်မှ ပစ်ချခြင်း၊ ကျောက်ခဲဖြင့် သေသည်အထိ ပစ်ပေါက်ခြင်းတို့ဖြင့် သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.