Connect with us

North America

ဖလော်ရီဒါပြည်နယ် ရှိ နိုက်ကလပ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ၍ ၅၀ဦးသေ၊ ၅၃ဦး ဒဏ်ရာရရှိ

ပုံစာ-အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ နိုက်ကလပ်တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ ၅၀သေဆုံး (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ရှိ မိန်းမလျာ နိုက်ကလပ် တစ်ခု တွင် ဇွန်လ ၁၂ ရက်နေ့ နံနက်အစောပိုင်း က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ အယောက် ၅၀ သေဆုံးပြီး ၅၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့အာဏာပိုင်များက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ်သမားအား Pulse နိုက်ကလပ် အပြင်ဘက် တွင် သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း အော်လန်ဒို ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန်မီနာ ကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ နိုက်ကလပ်တစ်ခုတွင် လူ ၅၀သေဆုံးခဲ့ရသော ပစ်ခတ်မှု၏ မြင်ကွင်းတစ်ရပ်ကိုတွေ့ရစဉ် (ဆင်ဟွာ)

အာဏာပိုင်များ က သေနတ်သမားသည် ဖလော်ရီဒါ ပြည်နယ် Port St.Lucie မြို့နေ အိုမာ မတင်း ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ နိုက်ကလပ်တစ်ခုတွင် လူ ၅၀သေဆုံးခဲ့ရသော ပစ်ခတ်မှု၏ မြင်ကွင်းတစ်ရပ်ကိုတွေ့ရစဉ် (ဆင်ဟွာ)

လက်ထောက် FBI တစ်ဦး ဖြစ်သူ Ronald Hopper က အာဏာပိုင်များ အနေဖြင့် သေနတ်သမားသည် အစွန်းရောက် စစ်သွေးကြွ အုပ်စု ဖြစ်သည့် IS အဖွဲ့၏ အတွေးအခေါ်များကို လက်ခံ ကျင့်သုံး သူ တစ်ဦး ဟု ထင်မြင်ယူဆ ထားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ နိုက်ကလပ်တစ်ခုတွင် လူ ၅၀သေဆုံးခဲ့ရသော ပစ်ခတ်မှု၏ မြင်ကွင်းတစ်ရပ်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန်မီနာက သေနတ်သမားသည် ကောင်းစွာဖွဲ့စည်း လေ့ကျင့်ထားသည့် ပုံစံရှိပြီး လူသေစေနိုင်သည့် လက်နက် တစ်ခု နှင့် သေနတ် တစ်လက် ကို ကိုင်ဆောင်ထားကြောင်း အစောပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု ၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ နိုက်ကလပ်တစ်ခုတွင် လူ ၅၀သေဆုံးခဲ့ရသော ပစ်ခတ်မှု၏ မြင်ကွင်းတစ်ရပ်ကိုတွေ့ရစဉ် (ဆင်ဟွာ)

FBI ပြောရေးဆိုခွင့်ရှိသူ Danny Banks က လူအများအပြားသေဆုံးခဲ့သော ယင်းသေနတ် ပစ်ခတ်မှု ကို အကြမ်းဖက် တိုက်ခိုက်မှု အသွင် တစ်ခု အဖြစ် ဘက်ပေါင်းစုံမှစဉ်းစားကာ စုံစမ်းစစ်ဆေးနေကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှု သည် နိုက်ကလပ် အတွင်း၌ ဒေသစံတော်ချိန် နံနက် ၂နာရီတွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု မဖြစ်ပွားခင် သေနတ်သမား သည် ကလပ် တာဝန်ရှိသူတစ်ဦး နှင့် နိုက်ကလပ် အပြင်ဘက်၌ အချေအတင် ဖြစ်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ကပြောသည်။

ထို့နောက် သေနတ်သမားသည် နိုက်ကလပ်အတွင်းသို့ပြန်လည်ဝင်ရောက်လာကာ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ဓားစားခံများကို ခေါ်ဆောင်သွားကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှု အပြီး သုံးနာရီခန့်အကြာတွင် ရဲတပ်ဖွဲ့သည် ဓားစားခံများအား ကယ်ဆယ်ရန် လုပ်ဆောင်ရင်း သေနတ်သမားအား အသေပစ်ခတ် နိုင်ခဲ့ကြောင်း မီနာကပြောသည်။

အမေရိကန် သမ္မတ အိုဘားမားက အဆိုပါ ပစ်ခတ်မှုသည် အကြမ်းဖက်မှုတစ်ခုဖြစ်ကြောင်းနှင့် သေနတ်သမား၏စိတ်တွင် အမုန်းတရားများ ပြည့်နှက်နေကြောင်း ပြောကြားခဲ့သည်။

Pulse နိုက်ကလပ်သည် အော်လန်ဒို မြို့တွင် အကောင်းဆုံး မိန်းမလျာ နိုက်ကလပ်တစ်ခုဖြစ်ကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက် အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117