Connect with us

North America

အမေရိကန်နိုင်ငံ၌ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲရာမှ လူ ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ၌ မူးယစ်ဆေးသုံးစွဲရာမှ လူသေဆုံးမှုဖြစ်ပွားသော အဆောက်အအုံ အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်တ်စ်ဘာ့ဂ်မြို့ (Pittsburgh) တွင် စက်တင်ဘာ ၂၂ ရက်က မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲရာမှ တစ်ရက်အတွင်း လူ ၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ် ဖွဲ့ က ဆိုသည်။

ပစ်တ်စ်ဘာ့ဂ်ရဲတပ်ဖွဲ့သည် ယင်းနေ့နံနက်အစောပိုင်းတွင် အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရ ရှိခဲ့ကြောင်း ၊ မြို့တော် တောင်ပိုင်းရှိ အဆောက်အအုံတစ်လုံး၏ အတွင်းအပြင် နှစ်ဖက်တွင် ဆေးသုံး စွဲနေသူ ၇ ဦးကို တွေ့ရှိခဲ့ရကြောင်း ၊ ၎င်းတို့အနက် တစ်ဦးမှာ ဆေးလွန်ပြီး သေဆုံးနေကြောင်း ရဲ တပ်ဖွဲ့က ဆိုသည်။

ကျန်ရစ်သော ဆေးသုံးစွဲသူ ၆ ဦးကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသပေးခဲ့ကြောင်း နှင့် ယင်းတို့အနက် ၂ ဦးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းဆေးသုံးစွဲသူ ၇ ဦးစလုံးမှာ အမျိုးသားများဖြစ်ကြောင်း ၊ အသက် ၃ဝ မှ ၅ဝ နှစ်ကြား အရွယ် ရှိကြကြောင်း နှင့် ၎င်းတို့သည် တစ်ချိန်တည်း တစ်နေရာတည်း တွင် မူးယစ်ဆေးဝါးသုံးစွဲခဲ့ကြ ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.