Connect with us

North America

အမေရိကန် နိုင်ငံ အရာရှိ က တရုတ် တစ်နိုင်ငံတည်း မူဝါဒ သည် ဆွေးနွေးမှု ပြုလုပ် နိုင်သော ကိစ္စရပ် တစ်ခု မဟုတ်ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ၏ မဟာဗျူဟာဆက်ဆံရေး ဆိုင်ရာ အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ၏ မဟာဗျူဟာဆက်ဆံရေး ဆိုင်ရာ အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes က တရုတ် တစ်နိုင်ငံတည်း မူဝါဒ( One China policy ) သည် ဆွေးနွေးမှု ပြုလုပ် နိုင်သော ကိစ္စရပ် တစ်ခု မဟုတ်ဘဲ ထိုကိစ္စရပ် နှင့် ပတ်သက်၍ အခြား ပုံစံ တစ်မျိုးဖြစ်အောင် နည်းလမ်းသစ်ရှာဖွေခြင်း သည် အလွန် အန္တရာယ် များသည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Ben Rhodes က ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံ နှင့် တရုတ် နိုင်ငံ ၏ အလုံးစုံသော ဆက်ဆံရေး များ သည် တရုတ် တစ်နိုင်ငံတည်း မူဝါဒ အပေါ် အခြေခံထားပြီး ထိုကိစ္စရပ် သည် ဆွေးနွေးလို့မရသော ကိစ္စရပ် တစ်ခုဖြစ်ကြောင်း ၊ တရုတ် တစ်နိုင်ငံတည်း မူဝါဒ သည် အမေရိကန် နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့မှ ချုပ်ဆိုထား သည့် ရှန်ဟိုင်း ပူးတွဲကြေညာ စာတမ်း နှင့် တရုတ် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်သည့် အခြေခံဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Ben Rhodes က တရုတ် တစ်နိုင်ငံတည်း မူဝါဒ အပေါ် နည်းလမ်းသစ်များ ရှာဖွေလုပ်ဆောင်ခြင်းသည် အလွန် အန္တရာယ်များကြောင်း ၊ ဤတို့ဆောင်ရွက်ခြင်းသည် ထိုင်ဝမ် ရေလက်ကြား တင်းမာမှု ကို ပိုမို မြင့်တက်လာစေမည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အနေဖြင့်လည်း မလိုလားကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ထိုင်ဝမ်ရေလက်ကြား မတည်ငြိမ်မှု ဖြစ်ပွားခြင်းကို မလိုလားသည်မှာ သံသယ ဖြစ်စရာ မလိုသည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Ben Rhodes က တရုတ် နိုင်ငံ အနေဖြင့်လည်း တရုတ် တစ်နိုင်ငံတည်း မူဝါဒ နှင့် ပတ်သက်၍ ဆွေးနွေးမှု မျိုးကို ဆောင်ရွက်မည် မဟုတ်ကြောင်း ၊ ဤကိစ္စရပ် နှင့် ပတ်သက်၍ နည်းလမ်းသစ် ရှာဖွေခြင်းသည် အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ကို ပြောင်းလဲနိုင်သည့် အန္တရာယ် နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး မည်သည့် အကျိုးကျေးဇူး မှလည်း ရရှိနိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က မီဒီယာ များနှင့် အင်တာဗျူး တစ်ခုတွင် တရုတ် တစ်နိုင်ငံတည်း မူဝါဒ အပါအဝင် အခြား ကိစ္စရပ် များသည် ဆွေးနွေးမည့် အစီအစဉ် တွင် ပါဝင်ကြောင်း ပြောကြား ခဲ့သည်။တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခန်း မှ ဇန်နဝါရီ ၁၄ ရက်နေ့တွင် တရုတ် တစ်နိုင်ငံတည်း မူဝါဒ သည် တရုတ်-အမေရိကန် ဆက်ဆံရေး ၏ အခြေခံဖြစ်ပြီး ဆွေးနွေးလို့မရသည့် ကိစ္စရပ် ဖြစ်ကြောင်း ၊ အမေရိကန် သက်ဆိုင်ရာများအနေဖြင့် ထိုင်ဝမ် ကိစ္စရပ် ကို အလွန် ထိလွယ်ရှလွယ် သည့် ကိစ္စရပ် တစ်ခုဖြစ်ကြောင်း ကို သိရှိစေလိုပြီး အမေရိကန် ခေတ်အဆက်ဆက်သော ပါတီ နှင့် အစိုးရ တို့မှ ကတိပြုခဲ့သော ကိစ္စရပ် တစ်ခုလည်းဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ထိုင်ဝမ် ကိစ္စရပ် အား သတိကြီးစွာ ကိုင်တွယ်ဆောင်ရွက်စေလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.