Connect with us

North America

မက္ကဆီကို နိုင်ငံ အရှေ့ပိုင်းရှိ ဘားတစ်ခု၌ ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၃၀ ဦး အထိ ရှိလာ

မီးရှို့  တိုက်ခိုက်ခံရပြီးနောက် ပိတ်ထားသည့် ဘားကို တွေ့ ရစဉ်(ဆင်ဟွာ)

မက္ကဆီကို စီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အရှေ့ပိုင်းရှိ ဘားတစ်ခုတွင် သြဂုတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သော မီးရှို့တိုက်ခိုက်မှု အတွင်း သေဆုံးသူ အရေအတွက်မှာ ၃၀ ဦး အထိ ရှိလာခဲ့ကြောင်း ဒေသ အာဏာပိုင်များက သြဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

မက္ကဆီကို နိုင်ငံ ဗာရက်ခရုဇ်(Veracruz)ပြည်နယ် ၏ ပင်လယ်ဆိပ်ကမ်းမြို ့ဖြစ်သည့် Coatzacoalcos ရှိ ဆေးရုံ တစ်ခု၌ အသက် ၁၉ နှစ် အရွယ် အမျိုးသား တစ်ဦး ထပ်မံ သေဆုံးခဲ့သည့် အတွက် သေဆုံးသူ အရေအတွက်မှာ တိုးလာခဲ့ကြောင်း ဗာရက်ခရုဇ် ကျန်းမာရေး ဝန်ကြီးက ဆင်ဟွာသို့ပြောကြားခဲ့ပြီး အခြား သုံးဦးမှာလည်း ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

Coatzacoalcos မြို့ရှိ Caballo Blanco အမည်ရှိသော ဘားတစ်ခုကို သြဂုတ်လ ၂၇ ရက် ညပိုင်းတွင် သေနတ်များ ကိုင်ဆောင်ထားသော လူလေးဦးက မီးရှို့ခဲ့ပြီးနောက် ထွက်ပေါက်များအား ပိတ်ဆို့ ထားခဲ့ကြောင်း ၊ အဆိုပါ မီးရှို့ဖျက်ဆီးရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မူးယစ်ဂိုဏ်းများ ပါဝင် ပတ်သက်မှု ရှိမရှိကို တာဝန်ရှိသူများက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ဗာရက်ခရုဇ်ပြည်နယ် ရှေ့နေချုပ် Jorge Winckler က ပြောကြားခဲ့သည်။

ကနဦး စစ်ဆေးချက်များ အရ မူးယစ်ဂိုဏ်းတစ်ခုအား အဆိုပါ ဘား၌ မူးယစ်ဆေးဝါးများ ရောင်းချခြင်းကို ခွင့်ပြုရန် ဘားပိုင်ရှင်က ငြင်းဆိုခဲ့ပြီးနောက် လက်တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့ မီးရှို့တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဗာရက်ခရုဇ် ပြည်နယ် အုပ်ချုပ်ရေးမှူး Cuitlahuac Garcia က အစောပိုင်းတွင် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117