ဝူဟန် ၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ်၏ မြို့တော် ဝူဟန်မြို့မှ မေ ၁၇ ရက် နံနက်ပိုင်းတွင် ကုန်တင်ရထားတစ်စီးသည် လာအိုနိုင်ငံ Prabang မြို့သို့ ထွက်ခွာသွားခဲ့ပြီး တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပြေးဆွဲသည့် ဟဲပေပြည်နယ်၏ ပထမဆုံး အပြည်ပြည်ဆိုင်ရာကုန်တင်ရထား စတင်သည့် အမှတ်အသား...
ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသောရေများ ပင်လယ်အတွင်းသို့ စွန့်ထုတ်ရန်နှင့် ယင်းသို့လုပ်ဆောင်ရန် ပြင်ဆင်နေသောလုပ်ငန်းများအားလုံးကို ရပ်တန့်ရန် မှားယွင်းသောဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၇ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) မြန်မာ့ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လအလိုက်ရာသီပွဲတော်များ၊ရိုးရာဓလေ့ပွဲ နှင့် ပြပွဲပြိုင်ပွဲများ ကျင်းပသွားမည်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးသည် ထိရောက်သော ကပ်ရောဂါထိန်းချုပ်ရေး နှင့် မူဝါဒများစွာ ချမှတ် လုပ်ဆောင်ခြင်းကြောင့် မကြာမီ ပုံမှန် လုပ်ငန်းလည်ပတ်မှုများဆီသို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ) ယခုနှစ်စပိုင်းကတည်းက တရုတ်နိုင်ငံရထားလမ်း ဖောက်လုပ်မှုကို သိပ္ပံနည်းကျ စနစ်တကျ တွန်းအားပေးတည်ဆောက်ခဲ့ရာ တရုတ်နိုင်ငံစီးပွားရေးတည်ငြိမ်မှုအတွက် အပြုသဘောဆောင်သော ဝန်ဆောင်မှု ပံ့ပိုးပေးခဲ့သည်။