မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိအမေရိကန်-အာဆီယံအထူးထိပ်သီးအစည်းအဝေးအားဝါရှင်တန်၌ကျင်းပခဲ့သည်။ ယခုနှစ်သည် အမေရိကန်နှင့် အာဆီယံဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်ပြည့်ဖြစ်ပြီးဤထိပ်သီးအစည်းအဝေးသည် ၂၀၁၆ ခုနှစ်ပြီးနောက် ပထမဆုံးအကြိမ် အမေရိကန်သမ္မတမှ ဦးစီးကျင်းပသည့် အမျိုးအစားတူအစည်းအဝေးဖြစ်သည်။ အစည်းအဝေးကျင်းပသည့်အချိန်အခါသည် ဘိုင်ဒင်၏ ပထမဆုံးအာရှခရီးစဉ်မတိုင်မီဖြစ်သည့်အတွက် ဘက်အသီးသီး၏ များစွာအလေးပြုခြင်းခံရပါသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၃၉)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို မေ (၁၄) ရက်က ရင်ပြင်တော် တောင်ဘက်မုဒ်ရှိ မဟာဗောဓိညောင်ပင်တွင် ပြုလုပ်ခဲ့သည်။(Xinhua)
နယူးယောက် ၊ မေ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘတ်ဖလိုးရှိ ဈေးဝယ်စင်တာတစ်ခု၌ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၀ ထက်မနည်း သေဆုံးသွား ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဘာလင်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ပြီး ယူကရိန်း၏ စားနပ်ရိက္ခာတင်ပို့မှု အပေါ် ကန့်သတ်ချက်များကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း G7 အဖွဲ့ မှ မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဘူဒါပတ် ၊ မေ ၁၅ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ Katalin Novak သည် မေ ၁၄ ရက်တွင် ပြုလုပ်သော ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် မျှော်လင့်ချက် နှင့် စည်းလုံးညီညွတ်မှု အတွက် သတင်းစကားအား အလေးထားပြောကြားခဲ့သည်။